Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေး ကပ်ခွါ

Posted by Black Magic | Posted in | Posted on 8:33 PM





 1. ကျွန်တော် Birth control patch အကြောင်းကို မကြားဘူးပါ ဘူးဆရာ။ ကပ်ခွာ အကြောင်း သေသေချာချာ သိချင်ပါတယ် ဆရာ။ အလျှဉ်းသင့်ရင် ပြောပေး ပါဦးလို့ အပူကပ် ပါရစေ။
2. ဆေးကပ်ခွါ ဆိုတာ ဘာကိုပြော တာလဲ ဆရာ။ သမီးမကြား ဖူးဘူး။ အဲဒီဟာ ကိုလည်း ရှင်းပြပေးပါ။ ဆရာ့ (ဆိုက်ဒ်)ထဲ ဝင်လို့ မရလို့ပါ။

Contraceptive patch အရေပြား ကပ်ထားရတဲ့ တားဆေး ကပ်ခွါဆိုတာ ကိုယ်ဝန် တားနည်းတွေ ထဲက တမျိုးဖြစ်တယ်။ ဆေးလုံး သောက်နေစရာ မလိုဘူး။ အရေပြားမှာ ကပ်ထားလိုက်ယုံဘဲ။ သေးငယ် ပါးလွှာပြီး ခပ်ညိုညို ဆေးပြားလွှာ ဖြစ်တယ်။ ဟော်မုန်း ၂ မျိုးတွဲ တားဆေး စားဆေးတွေလိုဘဲ (အီစထိုဂျင်) နဲ့ (ပရိုဂျက်စတင်) ဟော်မုန်းတွေပါနေတယ်။ မျိုးဥအိမ်က လစဉ် မ-မျိုးဥ မထွက်စေဘို့ တားဆီးတယ်။ သားအိမ်အဝ ချွဲရည်ကို ထူပြစ်စေလို့ မ-မျိုးဥ ထွက်လာဦးတော့ ကျားသုက်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေတယ်။ သားအိမ် အတွင်းနံရံကို ပါးလွှာစေလို့ သန္ဓေက သားအိမ်မှာ မကပ်စေနိုင်ပါ။ ၉၉% ထိရောက်တယ်။

• ကပ်လိုက်ပြီးနောက် ၁ဝ စက္ကန့်ကြာ ဖိထားပေးပါ။ နေ့တိုင်းစစ်ဆေးပါ။
• ကပ်ထားတဲ့နေရာအနားမှာ ဆေးရည်၊ (လိုရှင်း)၊ (ပေါင်ဒါ) ဘာမှ မလိမ်းပါနဲ့။
• လစဉ် ရက်သတ္တ (၃) ပါတ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းတဲ့ (ရင်သားမှအပ) ဘယ်အရေပြား မှာ မဆို ကပ်ထားနိုင်တယ်။
• တပါတ်တခါ အသစ်လဲပြီး၊ ၃ ပတ်ကပ်ထားရမယ်။ ဒိနောက် တပါတ်နားထားချိန်မှာ ရာသီဆင်းမယ်။
• ရာသီ အဆင်း နည်းမယ်။ ရက်လည်း တိုနိုင်တယ်။ တားဆေး-စားဆေးတွေလို ဆေးကြောင့် ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် တခြား အလုံး-အကျိတ်ဖြစ်မယ့် အန္တရာယ်ပိုပြီး နည်းတယ်။
• နဲနဲ ခေါင်းကိုက်တာ၊ ရင်သားတင်းတာ၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတာဖြစ်နိုင်တယ်။
• ဖြစ်နိုင်ခဲတဲ့ ဘေးထွက် ဆိုးကျိုးတွေက သွေးဖိအားတက်မယ်။ သွေးခဲတာ ဖြစ်နိုင်တယ်။ ၅ နှစ်ထက် ကြာကြာ သုံးရင် သားအိမ်အဝ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ ယူဆတာလဲ ရှိတယ်။

• ကိုယ်အလေးချိန် ၁၉၈ ပေါင်ထက် များသူတွေမှာ စိတ်ချရမှု နည်းတယ်။
• Rifampim တီဘီ ဆေး၊ HIV ဆေး၊ အတက် သက်သာဆေး နဲ့ (ဖန်းဂတ်စ်) အတွက်ဆေးတွေနဲ့ တွဲသောက်ရင် အစွမ်းနည်းစေမယ်။
• ကိုယ်ဝန်ရှိနေပြီဆိုရင် မသုံးရဘူး။
• အသက် ၃၅ ကျော်နေသူ၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရှိသူ၊ (ကိုလက်စထော) များသူ၊ ဆေးလိပ် သောက်သူ၊ အိပ်ယာထဲ လှဲနေရသူတွေ မသင့်ဘူး။
• တချို့ အမျိုးသမီးတွေ ဒီနည်းသုံးလို့ လိင်စိတ်ပိုတာ တွေ့ရတယ်။ တချို့ကြ နည်းတယ်။
• ဝက်ခြံသက်သာမယ်။ ရာသီလာလို့ နာတာသက်သာမယ်။ အရိုးအားနည်းတာ သက်သာမယ်။
• ဆေးကပ်ခွါ မသုံးဘဲနေပြီးနောက် တချို့ရာသီမလာသေးဘဲ နေတယ်။ ၁-၂ လနေမှ ရာသီပြန်မှန်မယ်။
• ကလေးဖွါးပြီးနောက် အနည်းဆုံး ၃ လနေမှ ဆေးကပ်ခွါကို သုံးသင့်တယ်။ ကလေးနို့တိုက်သူဆိုရင် ၆ လ နောက်မှ သုံးသင့်တယ်။
• ကိုယ်ဝန်ဖျက်ပြီး၊ ပျက်ပြီးရင် ချက်ချင်းသုံးပါ။
• ကပ်ခွါ နားထားတဲ့ရက်တွေမှာ ရာသီဆင်းမယ်။ တပတ်ပြည့်ခါနီးအထိ ဆင်းနေတာလဲ ဖြစ်နိုင်တယ်။ ဆင်းနေပေမဲ့ ကပ်ရမဲ့နေ့မှာ ကပ်ပါ။
• ရေချိုး-ရေကူးပေမဲ့ ကွာမကျတတ်ဘူး။
• မတော်တဆ ကွာကျလို့ ၄၈ နာရီအတွင်း သိရင် အဲဒါကိုဘဲ ပြန်ကပ်နိုင်တယ်။ ၄၈ နာရီ ကျော်သွားရင် အသစ်တခု ကပ်ပါ။ အခြားနည်းကို ပြောင်းချင်လဲပြောင်းပါ။
• ကပ်ခွါကွာကျတာ၊ မေ့သွားတာ တခုခုလွဲရင်သုံးဘို့ အရေးပေါ်နည်းတခုခု လက်လှမ်းမီပါစေ။ ဥပမာ အမျိုးသားသုံး (ကွန်ဒွမ်)၊ အမျိုးသမီးသုံး (ဒိုင်ယာဖရမ်)၊ သုက်ပိုးသေဆေး (စပေါင့်ခ်ျ)၊ အရေးပေါ် တားဆေး။


Dr. တင့်ဆွေ-
-------------------------------------

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.