Password သိတောင် Gmail အကောင့်ကို Hack လို့ မရစေရဘူး

Posted by Black Magic | Posted in | Posted on 4:24 PM

မင်္ဂလာပါခင်ဗျာ....  အခုတလော ကြားနေရတယ် .. Group တွေ ဟက်ခံရတယ် .. Site တွေ ဟက်ခံရတယ် နဲ့ .. စိတ်မကောင်းဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဟက်ဟက် အကောင့်ပိုင်ရှင်အနေနဲ့ကတော့ သူ့ရဲ့ဂုဏ်သိက္ခာကို ဟက်ခံလိုက်ရတာပါပဲ ... ဟက်တဲ့လူတွေကတော့ နည်းမျိုးစုံနဲ့ ဟက်ကြမှာပါပဲ .. Safe ဖြစ်အောင် ကြိုတင်ကာကွယ်ထားဖို့က အကောင့်ပိုင်ရှင်တွေရဲ့ တာဝန်ပါ .. Facebook အကောင့်ကို ဟက်နိုင်ရင် .. အဲဒီအကောင့်ပိုင်ရှင် Admin ဖြစ်နေတဲ့ Group တွေနဲ့ Page တွေကို ထိန်းချုပ်နိုင်ပြီ .. Facebook အကောင့်ကို လုံခြုံအောင် ကာကွယ်တဲ့နည်းလမ်းတွေကိုတော့ နည်းပညာဘလော့ တော်တော်များများမှာ မျှဝေထားတာ တွေ့ရပါတယ် .. အဲ .. Gmail အကောင့်ကို လုံခြုံအောင် ကာကွယ်ဖို့အတွက်တော့ သိပ်မတွေ့ရဘူး .. User တစ်ဦးရဲ့ အကောင့်တွေဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုနေတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ .. ကျွန်တော် သတိထားမိသလောက်ကတော့ Group တစ်ခုကို Facebook အကောင့်တစ်ခုကို Page တစ်ခုကို Gmail အကောင့်ကနေ စပြီး ဟက်ကြတာက များနေသလိုပဲ (ဒါက ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် နည်းပညာ အသိလေးနဲ့ သုံးသပ်တာဖြစ်လို့ .. မှန်ချင်မှလည်း မှန်ပါမယ်) .. အဲဒီတော့ ကျွန်တော် သိထားတဲ့ Gmail အကောင့်လုံခြုံရေး နည်းလမ်းလေးတစ်ခုကို မျှဝေပေးဖို့ ဆန္ဒပေါ်လာပါတယ် .. တစ်ဦးတစ်ယောက်က တင်ပြထားပြီးသား ဖြစ်နေခဲ့ရင်လည်း .. ကျွန်တော့်ရဲ့ လေ့လာမှုနယ်ပယ် ကျဉ်းမြောင်း နေသေးတဲ့ အားနည်းချက် တစ်ခုအဖြစ် ခွင့်လွှတ်နားလည်ပေးကြဖို့ကိုလည်း ကြိုတင် တောင်းပန်ထားပါရစေ .. ဒီနည်းလေးက .. User တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ Gmail အကောင့် Password ကိုတောင် .. တခြားသူတစ်ဦးဦးကို ယုံယုံကြည်ကြည်နဲ့ ပေးလို့ရတဲ့ သိပ်ကို လုံခြုံတဲ့ နည်းစနစ်လေးပါ .. ကဲ .. စလိုက်ကြစို့ ..

ပထမဦးဆုံး .. ကိုယ့်ရဲ့ Gmail အကောင့်ထဲကို Sign in ၀င်လိုက်ပါ .. ပြီးရင် .. ကိုယ့်အကောင့်ရဲ့ ဘေးက Sign out လုပ်တဲ့ droup down table ထဲမှာရှိတဲ့ account ဆိုတာလေးကို နှိပ်လိုက်ပါ.. အောက်မှာပုံနဲ့ ပြထားပါတယ် .



အဲဒီအခါ အခုလိုပုံမျိုး ကျလာပါမယ် ..
အဲဒီထဲက Security ဆိုတာလေးကို နှိပ်လိုက်ပါတဲ့အခါ အောက်ကပုံအတိုင်း ဖြစ်သွားပါမယ် ..
အဲဒီအဆင့်မှာ 2-step verification ဆိုတဲ့ row buttom ထဲက edit ကို နှိပ်ပါမယ် .. အောက်ကပုံ အတိုင်း နောက်ထပ် Window အသစ်တစ်ခု ထပ်ပွင့်လာပါမယ် .. အဲဒီထဲမှာ လောလောဆည် ကိုယ်အသုံးပြုနေတဲ့ Gmail အကောင့်ရဲ့ Password ကို ရိုက်ထည့်ပေးပြီး Sign in လုပ်ရပါမယ် ..
ကိုယ့်အကောင့်ထဲကို ရောက်တဲ့အခါ အောက်ကပုံလေးလို ပွင့်နေပါမယ် ..
အခုလိုပုံအတိုင်း ကျလာတဲ့အခါ .. See how it works ကိုနှိပ်ပေးလိုက်ပါ .. အဲဒီအခါ အောက်ကပုံအတိုင်း ဖြစ်သွားပါမယ် ..
အဲဒီအခါ .. Start setup ကိုနှိပ်လိုက်ရင် အောက်ကပုံလေး ပြောင်းသွားပါမယ်...
    Phone number ဆိုတဲ့ အကွက်ထဲမှာ ကိုယ့်အနေနဲ့ အလွယ်တကူ သုံးနိုင်မယ့် ဖုန်းနံပါတ်ကို နိုင်ငံ ကုဒ်လေးခံပြီး အပြည့်အစုံ ရိုက်ထည့် ပေးလိုက်ပါ .. 
ဥပမာ - ကိုယ့်ရဲ့ ဖုန်းနံပါတ်က 09PPP ဖြစ်ပြီး မြန်မာနိုင်ငံက ဖုန်းနံပါတ်လည်း ဖြစ်တယ်ဆိုပါစို့ .. အကွက်ထဲမှာ +9509PPP လို့ ရိုက်ထည့်ပေးရမှာပါ ..       (ကောင်းတာက အဲဒီဖုန်းဟာ GSM ဆိုရင် ပိုကောင်းပါတယ် .. အင်တာနက်လိုင်း မဖွင့်ရသေးတဲ့ GSM ဆိုရင်လည်း အလုပ်လုပ်ပါတယ်) ပြီးရင်တော့ Send code ကိုနှိပ်ပေးလိုက်ပါ .. အောက်က ပုံလေးကျလာပါမယ်
 ခဏလောက်စောင့်လိုက်တဲ့အခါ (များသောအားဖြင့်တော့ ချက်ချင်း ဖုန်းဝင်လာပါတယ်) ဖုန်း Call တစ်ခုဝင်လာပါမယ် (ရေးမှတ်ထားဖို့ အဆင့်သင့်ပြင်ထားပါ) .. ဖုန်းကိုင်လိုက်တဲ့အခါ  .. Your code is ဆိုတာရဲ့နောက်မှာ ကိုယ့်အတွက် Code ၆လုံးကို နှစ်ကြိမ်တိတိ ပြောပေးပါလိမ့်မယ် .. ရောထွေးတတ်တဲ့ အသံတွေပါလာရင် သတိထားပြီး နားထောင်မှတ်သားပါ .. (ဥပမာ .. 1 နဲ့ 9 / 6 နဲ့ 8 ....) တကယ်လို့ ဖုန်းက တော်တော်နဲ့ ၀င်မလာဘူးဆိုရင် Didn't get the code? ကို နှိပ်ပေးလိုက်ပါ .. ဒီအဆင့်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ဖြစ်သွားပါမယ် ..

အဲဒီထဲမှာ Trust this computer ဆိုတာလေးကို Default အတိုင်း အမှန်ဖြစ်မဖြုတ်ပဲ ထားပေးပြီး           (တကယ်လို့ အမှန်ခြစ်မပါခဲ့ရင်လည်း တပ်ပေးပေါ့) Next ကို နှိပ်လိုက်ပါ .. အောက်ကပုံအတိုင်း ဖြစ်သွားပါမယ် ....
Confirm ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ဖြစ်သွားပါမယ် ..
2-step verification is ON ဆိုတာလေး ပေါ်နေရင် ပြီးပါပြီ .. Sigh out လုပ်ချင်လည်း လုပ်လိုက်ပါ ..
အခုဆိုရင် ကိုယ့်အနေနဲ့က Sign in လုပ်ဖို့ လွယ်ပေမယ့် .. (လွယ်တယ်ဆိုတာ .. ဒီ Security ကို လုပ်ခဲ့တဲ့ ကွန်ပြူတာနဲ့ပဲနော် .. တခြား device ၊ တခြားကွန်ပြူတာ ကိုသုံးပြီး Sign in သွားလုပ်ရင် .. Code တောင်းတော့မှာ .. အဲဒီအခါ .. ကိုယ်ပေးထားတဲ့ ဖုန်း ကိုယ့်နားမှာရှိမှ Sign in လုပ်လို့ရမယ်သာမှတ် ..) တကယ်လို့ တခြားတစ်ယောက်ယောက်က ဒါမှမဟုတ် တခြား Device တစ်ခုခုကနေ .. ကိုယ့်ရဲ့ အကောင့်ကို Sign in လုပ်မယ်ဆိုရင် .. ကိုယ်ထည့်ပေးထားတဲ့ ဖုန်းနံပါတ်ကို Code ပြောပြမယ့် Call လေး ၀င်လာပါမယ် .. အဲဒီ Code ကို ရိုက်မထည့်နိုင်ရင် .. အကောင့်ပိုင်ရှင် ဖြစ်နေဦးတော့ .. ကန်တော့ဆွမ်းပါခင်ဗျာ .. ကဲ .. Password ကို သိရတာတောင် .. ဟက်လို့မရနိုင်တော့တဲ့ Gmail အကောင့်လေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ ..

အားလုံးကို ခင်မင်လေးစားလျှက်
အိုင်တီမုဆိုး
မူရင်းရေးသားသူ

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.