နည်းပညာလေ့လာသူများ သတိထားရမယ့် pdf virus အန္တရာယ်

Posted by Black Magic | Posted in , | Posted on 12:12 AM

 
post-image


ဒီပို့စ်ကတော့ ကျွန်တော် တော်တော်ညံ့ခဲ့ကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရမယ့်ပို့စ်ပါ

ကျွန်တော်က နည်းပညာပိုင်းကို တော်တော်လေး အားသန်တဲ့အလျောက် အွန်လိုင်းပေါ်က
နည်းပညာနဲ့ပတ်သက်တဲ့ မြန်မာဝက်ဆိုဒ်တွေ
 နိုင်ငံခြားဝက်ဆိုဒ်တွေထဲမှာပဲ အချိန်ကုန်နေလေ့ ရှိတဲ့လူတစ်ယောက်ပါ

အဲဒီလို နည်းပညာဆိုဒ်တွေကနေ ဆော့ဝဲလေးတွေရလာတဲ့အခါ စမ်းသုံးကြည့်တယ်

အဆင်လည်းပြေ အသုံးလည်းဝင် Virus အန္တရယ်လည်းကင်းတယ်ဆိုတာသေချာရင် တခြားသူတွေရောသုံးဖို့ ကျွန်တော့်ဘလော့မှာ ပြန်တင်ပြီး




Share လုပ်ပေးပါတယ်နည်းပညာပိုင်းတွေထဲမှာ Programming Language အချို့နဲ့ ဆော့ဝဲ Cracking အပိုင်း HTML Template အပိုင်းတွေကို အလေးပြုပြီး လေ့လာပါတယ်

အဲဒီလို ကျွန်တော့်လေ့လာတဲ့အပိုင်းနဲ့ပတ်သက်တဲ့ ebook တွေကိုလည်း ကြုံရင်ကြုံသလို
Download ယူပြီး Offline လေ့လာပါတယ်

အဲ .. တစ်နေ့တော့ C++ စာအုပ်လေးတစ်အုပ် တွေ့တာနဲ့ Download ယူထားလိုက်ပါတယ်
အဲဒီစာအုပ်ကို ဖွင့်ဖတ်လိုက်တဲ့အခါမှာ ထူးထူးခြားခြား Message Box လေးပွင့်လာပါတယ်
Pdf ဖိုင်ကို အခုလို Message Box လေးနဲ့အတူ တွဲပွင့်လာတာကို အဲဒီတော့မှ ကြုံဖူးတာပါ
အဲဒီမှာပဲ နည်းပညာပိုင်းရူးသွပ်တဲ့ ကျွန်တော့်ရဲ့ဝမ်းတွင်းရူးစိတ်ကြောင့် အဲဒီစာအုပ်ကို သေသေချာချာ
လေ့လာကြည့်ဖြစ်ပါတယ်

အဲ ... အဲဒီစာအုပ်ကို သုံးကြိမ်မြောက်ဖွင့်ဖတ်တဲ့အချိန်မှာပဲ ၀င်းဒိုးဟာ Restart ဆိုပြီး ကျသွားလိုက်တာ
ပြန်တက်မလာတော့ပါဘူး ..
ဒါနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ၀င်းဒိုးကို ပြုပြင်ကြည့်ပါတယ်
နောက်ဆုံး Recovery Image သုံးပြီး ၀င်းဒိုးကို Repaire လုပ်ဖို့ကြိုးစားတာတောင်မှ ၀င်းဒိုးက ပြန်တက်မလာနိုင်တော့လို့ ၀င်းဒိုးအသစ်ပြန်တင်လိုက်ရပါတယ်

ဇာတ်လမ်းက ဒီမှာတင်မပြီးသေးပါဘူး ..
အဲဒီအသစ်တင်လိုက်တဲ့ ၀င်းဒိုးကလည်း တစ်ခေါက်ပဲ ဖွင့်သုံးလိုက်ရသေးတယ် နာရီဝက်လောက်အကြာမှာ Restart ဆိုပြီး ပိတ်သွားလိုက်တာ ပထမတစ်ကြိမ်လိုပဲ ပြန်မပွင့်ခဲ့တော့ပါဘူး ..
ဒါနဲ့ ကျွန်တော်က Hard disk ကြီးတစ်ခုလုံးကို format ရိုက်ပြီး Clean Install နည်းနဲ့ ၀င်းဒိုးအသစ်ကို ပြန်တင်လိုက်မှ ၀င်းဒိုးဟာ အရင်လိုပဲ အဆင်ပြေပြေနဲ့ ပြန်သုံးလို့ရသွားပါတယ်

ဒါနဲ့ ကျွန်တော်လည်း အဲဒီ ebook ကို အွန်လိုင်းကနေ ပြန်ဒေါင်းယူပါတယ်
ပြီးတော့ ၀င်းဒိုးကို Defreeze အရင်အုပ်ပါတယ်
ပြီးတော့ အဲဒီ ebook ကို ဖွင့်ဖတ်ပါတယ် ..
အရင်လိုပါပဲ .. Message Box လေးတက်လာပြီး Restart ကျသွားပါတယ်
Defreeze အုပ်ထားတာဖြစ်တဲ့အတွက် မူလအခြေအနေမပျက် ၀င်းဒိုးပြန်တက်လာနိုင်ပါတယ်
ဒါနဲ့ ကျွန်တော်က အဲဒီ ebook ကို Antivirus နဲ့ Scan လုပ်ကြည့်ပါတယ် ဗိုင်းရပ်မတွေ့ပါဘူး
Online Virus Scan တွေနဲ့ပါ ထပ်စစ်ပါတယ် .. ဗိုင်းရပ်မတွေ့ပါဘူး ..
ဒါနဲ့ အဲဒီ ebook ကို Resource Hacker ဆိုတဲ့ဆော့ဝဲနဲ့ဖွင့်ပြီး Coding တွေကို လိုက်စစ်လိုက်တဲ့အခါမှာတော့ သာမန် Data တွေကြားထဲမှာ Javascript ကုဒ်တွေကို တွေ့လိုက်ရပါတယ်

အဲဒီကုဒ်တွေကို သေချာလေ့လာကြည့်တော့မှ File format တူရာအချင်းချင်းဆီကို ကူးစက်အောင် Command ပေးထားတဲ့ ဗိုင်းရပ်ကုဒ်တွေဖြစ်နေတာကို တွေ့ရပါတယ်

ဒါကြောင့်လည်း ပထမတစ်ကြိမ်ဝင်းဒိုးတင်တုန်းက တခြား Partition တွေထဲမှာရှိတဲ့ ebook တွေဆီကို ဗိုင်းရပ်ကုဒ်တွေ ကူးစက်နေလို့ အဆင်မပြေခဲ့တာဖြစ်ပြီ Hard disk ကို Format ရိုက်ပြီးတင်လိုက်တဲ့ ၀င်းဒိုးကျမှ အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်

ဒါနဲ့ ကျွန်တော်လည်း Google မှာ pdf virus ဆိုပြီး ရိုက်ရှာလိုက် ... အလိုလေး .. pdf ဗိုင်းရပ်ဟာ ကမ္ဘာနဲ့အ၀ှမ်း တော်တော်လေးပြန့်ပွားနေတဲ့ ကြောက်စရာဗိုင်းရပ်မျိုးဖြစ်ကြောင်း သိလာရပါတယ်

pdf ဗိုင်းရပ်ဟာ exe ဖိုင်မျိုးမဟုတ်လို့ Antivirus ဆော့ဝဲတွေရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်ပါတယ်

ကျွန်တော့်ကို အ တယ်လို့ပဲဆိုဆို pdf virus ရှိတယ်ဆိုတာကို အရင်ကတစ်ကယ် မသိခဲ့ပါဘူး ..
အခုသိလိုက်ရတဲ့အချိန်မှာ ချဲ့ထွင်စဉ်းစားကြည့်လိုက်တော့ pdf ဖိုင်ထဲမှာ Injection လုပ်မယ့် Java Script ကုဒ်တွေထဲမှာ keylogger လို အကောင့်တွေခိုးနိုင်တဲ့
ကုဒ်လိုမျိုးတွေများ Injection လုပ်လာခဲ့မယ်ဆိုရင် ......ဆိုတဲ့အတွေးနဲ့
 တော်တော်လေးတုန်လှုပ်သွားမိပြီး ကျွန်တော့်အကောင့်အားလုံးကိုတောင် Password တွေ
အမြန်လိုက် Change လိုက်မိတဲ့အထိပါပဲ

ကဲ .. ဒါနဲ့ .. အဲဒီ pdf ဗိုင်းရပ်ရန်ကနေ ကာကွယ်နိုင်မယ့်နည်းလမ်းကို ရှာလိုက်ဖွေလိုက် ကလိလိုက်နဲ့ အခုတော့ အဆင်ပြေတဲ့နည်းပညာလေးတစ်ခုကို တွေ့ပြီမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ..
ကျွန်တော်တို့ဟာ pdf ဖိုင်တွေကို ဖွင့်ကြည့်ဖို့ Adobe Reader ... Adobe Acrobat တို့လို ဆော့ဝဲမျိုးတွေကို သုံးလေ့ရှိပါတယ်
ဘယ်ဆော့ဝဲကိုပဲ သုံးသုံး အဲဒီ ပရိုဂရမ်ကိုဖွင့်လိုက်ပါ




ပြီးရင် Edit ကနေ Prefrence ကိုနှိပ်ပါ
ပွင့်လာတဲ့ထဲက Java Script ကိုနှိပ်ပြီး ညာဖက်ကပွင့်လာတဲ့ထဲမှာရှိတဲ့ Enable Java Script ရဲ့ရှေ့က အမှန်ခြစ်လေးကို ကလစ်ပေးပြီး ဖြုတ်ပစ်လိုက်ပါ





ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် pdf ဗိုင်းရပ်ကို လုံးဝကာကွယ်ထားနိုင်ပြီဖြစ်ပါတယ်
အခုလိုကာုကွယ်ထားပြီးပြီဆိုရင် Online က ရလာတဲ့ pdf ဖိုင်တွေထဲမှာ ဗိုင်းရပ်ကုဒ်ကို Injection လုပ်ထားတဲ့ pdf virus များပါလာရင် အဲဒီ pdf ဖိုင်ကိုဖွင့်လိုက်တဲ့အခါ အောက်ကပုံအတိုင်း java script ကို ပိတ်ထားတဲ့အတွက် အဆင်မပြေကြောင်း Message လေးပါ ကပ်ပွင့်လာပါလိမ့်မယ်





အဲဒီလိုဆိုရင်တော့ အဲဒီ pdf ဖိုင်မှာ ဗိုင်းရပ်မဟုတ်ခဲ့ရင်တောင် java script ကုဒ်တွေကို Injection လုပ်ထားပြီဖြစ်ပါတယ်

ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.