Posted by Black Magic | Posted in Learning Batch , နည်းလမ်းများ | Posted on 7:33 AM
ကျွန်တော်ဒီ Post ကိုရေးရင်ကောင်းမလားလို့ခနခနစဉ်းစားတယ်.. ဘာလို့လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်က အခုမှလေ့လာဆဲ ဘာမှမတက်တဲ့သူတစ်ယောက်ဆိုတော့ ဘာမှမသိတဲ့သူကဆရာလုပ်နေသလိုဖြစ်မှာစိုးလို့ပါ... ဒါပေမယ့် အားလုံးကို သိစေချင်တဲ့ဆန္ဒကြောင့် ရေးလိုက်ပါတယ်ခင်ဗျာ . . .
အဲဒီတော့ ကျွန်တော်သိသမျှလေးတွေကို အာလုံးအတွက် မျှဝေပေးတယ်လို့သဘောထားပေါ့ဗျာ....
အခုဟာက Repating Msg Box လေးလုပ်ကြည့်ရအောင်ဗျာ...
အဲဒါတွေမပြောခင် Batch File ဆိုတာ ဘာလည်းဆိုတာ ပြောပြမယ်ဗျာ... Batch File ဆိုတာ CMD Command တွေကို ပေါင်းရေးတဲ့ Program တစ်ခုပါပဲ
ဥပမာ။ ။ C:\ ထဲက A.txt ဆိုတဲ့ဖိုင်ရယ် C:\Folder\ ထဲက B.txt ဆိုတဲ့ဖိုင်နှစ်ခုကို D:\ ထဲမှာကော်ပီကူးချင်ရင် Cmd မှာ Copy C:\A.txt D: လို့တစ်ခါ C:\Folder\B.txt D: လို့တစ်ခါ နှစ်ခါရိုက်ရပါမယ်... အဲလိုမျိုး Command နှစ်ခုကို File တစ်ဖိုင်ထဲမှာကြိုရေးပြီး အဲဒီFile ကိုနှိပ်လိုက်တာနဲ့ နှစ်ခုလုံးလုပ်ပြီးသားဖြစ်အောင်လုပ်လိုက်တာကို Batch File ရေးတယ်လို့ခေါ်ပါတယ်
Batch File အတွက် Command က ၇ ခုပဲရှိပါတယ်... echo,pause,rem,goto,call,if,for ဒါပါပဲ...အဲဒီထဲကမှ For ကိုတော့ပယ်ထားမယ်ဗျာ ကျန်တာက cmd command တွေပါပဲ
ကဲစမယ်ဗျာ
note pad လေးကိုဖွင့်ပြီးတော့ အောက်ကဟာတွေကို ကူးထည့်လိုက်ပါ
echo off
:Begin
msg * Hi
msg * Are you having fun?
msg * I am!
msg * The admin of BlackMagic
msg * since you are stuck reading
msg * I am gonna tell you
msg * Batch Programming series
msg * Did you learn anything new
msg * and are you enjoying it
msg * if yes then do subscribe
msg * to learn hacking
msg * the fastest growing ethical hacking site
msg * on net
msg * and you know what
msg * you have been P-w-n-e-d with a capital “P”
Message.bat ဆိုပြီးတော့ Save လိုက်ပါ ... ပြီးရင်ဖွင့်ကြည့်လိုက်ပါ
မတ်စိ တွေတောက်လျှေက်ပေါ်လာပါလိမ့်မယ်.. နားလည်မယ်ထင်ပါတယ်
msg * ဒီနေရာမှာကိုယ်ရေးချင်တာရေး
ကျွန်တော်အပေါ်မှာ :Begin နဲ့စပေးထားပါတယ်... အောက်ဆုံးမှာ Goto Begin ဆိုပြီးထည့်လိုက်ရင် Round နေပါလိမ့်မယ် ... ပြီးမှာကိုမဟုတ်တော့ပါဘူး....ပိတ်မယ်ဆိုနောက်က Window ကိုပိတ်လိုက်မှပဲရတော့မယ်..... Virus ကိုလည်းဒီနည်းနဲ့ရေးလို့ရပါတယ်...
ကဲ..ဒီနေ့တော့တော်ပြီဗျာ...တော်ကြာအီသွားလိမ့်မယ်... တကယ်လို့နားမလည်ဘူးဆိုရင် ကျွန်တော်ရေးတာအသုံးမကျလို့ဖြစ်ပါလိမ့်မယ်... ကျွန်တော်ကိုယ်တိုင်လည်း ဘာမှမတတ်သေးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါလို့တောင်းပန်ချင်ပါတယ်ဗျာ...။လေ့လာချင်တယ်ဆိုရင်ကျွန်တော့ဆီမှာ Bat file နဲ့ပါတ်သက်တဲ့ မြန်မာလိုစာအုပ်တွေရှိပါတယ် လိုချင်တယ်ဆိုရင် Cbox မှာတောင်းလို့ရပါတယ်ခင်ဗျာ

Comments (0)
Post a Comment