ကာဗွန်ဒိုင်အောက်ဆိုဒ်မှ လျှပ်စစ်ဓာတ်အားအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ခြင်း

Posted by Black Magic | Posted in | Posted on 6:26 AM

 
 
လူတွေက တစ်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ကို တန်ချိန်ပေါင်း ဘီလီယံနဲ့ ချိပြီးထုတ်လွှတ်လျက်ရှိပါတယ်။ ထို ကာဗွန်ဒိုင်အောက်ဆိုဒ်အများစုက လေထုအတွင်းမှာပျံနှံ့လျက်ရှိတာကြောင့် ကမ္ဘာကြီးပူနွေးလာမှု အစရှိတဲ့ ဆိုးကျိုးတွေကြုံတွေ့ နေရတာပါ။ မကြာသေးမှီကပဲ နယ်သာလန်မှ စူးစမ်းလေ့လာသူအုပ်စု တစ်စုက လူတွေအသုံးပြုထုတ်လွှတ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အသုံးဝင်တဲ့စွမ်းအင်တစ်ခုအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ဖို့ နည်းလမ်းကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Bert Hamelers နှင့် သူ့ ရဲ့ အဖွဲ့ က ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ရေအဖြစ်သို့ ပြောင်းလဲထုတ်ယူပြီး လျှပ်စစ်စွမ်းအင်ထုတ်လုပ်တဲ့ နည်းပညာကို အကောင်အထည်ဖော်နေပါပြီ။ ယင်း အကောင် အထည်ကိုလည်း Environmental Science & Technology Letters ဆိုတဲ့ ဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ရေအဖြစ်သို့ ပြောင်းလဲထုတ်ယူမှုပုံ
- တိုင်ကီနှစ်ခုတွင် ရေဖြည့်ထားပါ။
- ရေတိုင်ကီတစ်ခုတွင် အဖိုဓာတ် (positively charged ions) များကို ဖြတ်သန်းသွားနိုင်စေတဲ့ membrance (စိုထိုင်းမှုကို ကာကွယ်ရန် အသုံးပြုသည့်အလွှာပါး) တစ်ခုထားရှိပြီး ကျန်ရေတိုင်ကီမှာတော့ အမဓာတ် (negatively charged ions) များကို ဖြတ်သန်းသွားနိုင်စေတဲ့ membrance ကိုထားရှိသွားမှာဖြစ်ပါတယ်။
- ကာဗွန်ဒိုင်အောက်ဆိုဒ်က ရေအတွင်းကို ဖြတ်ကျော်လာရင် အဖို ဟိုက်ဒရိုဂျင်ဓာတ်နဲ့  အမ ဘိုင်ကာဗွန်နိတ်ဓာတ်တို့ အဖြစ် ကွဲပြားထွက်ရှိလာမှာ ဖြစ်ပါတယ်။
- Membrane တွေက အိုင်းယွန်းဓာတ်တစ်မျိုးစီကိုသာ ဖြတ်ကျော်ခွင့်ပေးတဲ့အတွက်ကြောင့်မလို့  အီလက်ထရွန် သို့ မဟုတ် လျှပ်စီးကြောင်းတွေပေါ်ထွက်လာပြီး တစ်ဘက်မှတစ်ဘက်ကို ရွေ့ လျားသွားနေတာကိုတွေ့ နိုင်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို အသုံးပြုပြီး နှစ်စဉ်နှစ်တိုင်း လျှပ်စစ်စွမ်းအား ၁၅၇၀ တယ်ရာဝပ် လောက် ထုတ်လုပ်နိုင်ပြီး ဒီလိုနည်းကိုအသုံးပြုမယ်ဆိုရင် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု လျော့နည်းလာနိုင်ပါတယ် လို့  Hamelers က ပြောပြခဲ့ပါတယ်။


http://mashable.com/2013/07/23/carbon-dioxide-energy/ မှ ဘာသာပြန်တင်ဆက်ထားပါသည်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.