သုံးတန်းနဲ့ပြိုင် ဘယ်သူနိုင်

Posted by Black Magic | Posted in | Posted on 10:46 PM

ကျွန်တော့ဆီကိုလာတဲ့သူအပေါင်း အပျင်းပြေဖို့အတွက် ဒီနေ့ကစပြီးတော့ ကျွန်တော့ဆီမှာရှိတဲ့ ဟာသလေးတွေကို အလျှင်းသင့်သလို တင်ပေးသွားပါမယ်ခင်ဗျာ...

၃တန်းနဲ့ပြိုင် ဘယ်သူနိုင်
------------------------
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် … သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့

သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ … အဲဒါနဲ့ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ …

ကျောင်းအုပ်။ ။ ငါး .. ငါးလီ …

ကျောင်းသား ။ ။ နှစ်ဆယ့်ငါး

ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..

ကျောင်းသား ။ ။ ကိုး

ကျောင်းအုပ်။ ။ ကိုး … ကိုးလီ ..

ကျောင်းသား။ ။ ရှစ်ဆယ့်တစ်

ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း …

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး … ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ….

ဆရာမ > ဆီမပါ၊ ပျားမပါ၊ ကောင်းလိုက်တဲ့အရသာ၊ ပေါင်ကြားထဲကဟာ အဲတာဘာတုန်း သားသိလား
ကျောင်းသား> နွားနို့ပါဆရာမ

ဆရာမ> အင်း အဲဒီ နွားမမှာ ၄ခုပါပြီး ဆရာမမှာ ၂ခုပဲ ပါတာ ဘာလဲ သိလားသား
ကျောင်းသား> ခြေထောက်ပါ ဆရာမ

ဆရာမ> အင်း နောက်ဆုံးမေးခွန်းမေးမယ် သားဘောင်းဘီထဲမှာ ၂လုံးပါပြီး၊ ဆရာမလုံခြည်ထဲမှာ တစ်လုံးမှ မပါတာ ဘာလဲ။
ကျောင်းသား> ဘောင်းဘီအိပ်ထောင်ပါဆရာမ။

ဆရာမ> အင်း သားအဖြေတွေမှန်တယ်။ ကဲ ဆရာကြီး ၃တန်းကို ထားလို့ရပါပြီနော်
ကျောင်းအုပ်>> နေ...နေ ဆရာမ ၃တန်းမှာ မထားနဲ့ ကျနော် သူ့ကို အလယ်တန်းကျောင်း ပြောင်းအပ်ပေးမယ်။ ဆရာမမေးခွန်းတွေ ကျနော်ဖြေတာ တစ်ခုမှ မမှန်ဘူး....

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.