Posted by Black Magic | Posted in Android Games | Posted on 6:30 PM
ရုပ်ထွက်ကောင်းကောင်းနဲ့ နောက်ထပ် Game
လေးတစ်ခုထပ်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။ Game ရဲ့ပုံစံ ကတော့
ရောမခေတ်ကပုံစံမျိုးပါ။ ကျွန်တော်လည်း စမ်းပြီးမကစားကြည့်ရသေးပါဘူး။ Screen
Shoot တင် ထားတာတွေကိုကြည့်ပြီး ကစားလို့ကောင်းမယ်ထင်လို
မျှဝေပေးလိုက်တာဖြစ်ပါတယ်ဗျာ။ Android OS 2.3 အထက်ဖုန်းများမှာ
စပြီးကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ ပုံစံကြည့်ရတာကတော့
စိတ်ဝင်စားဖွယ်ကောင်းတဲ့ Game လေးတစ်ခုဖြစ်မယ်ထင်ပါတယ်ဗျာ။
ဒေါင်းလို့ရလာတဲ့ APK File ကို အရင်ဆုံး Install လုပ်ပါ။ပြီးသွား ရင်တော့
ဒေါင်းလို့ရလာတဲ့ Data တွေကို Sdcard\android\obb\
ထဲကိုကူးထည့်ပြီးကစားနိုင်ပါပြီဗျာ။
သတိရတုန်းပြောရဦးမယ်.... ကျွန်တော်ဘယ်လောက်တုံးလည်းဆိုတာကိုပါ ။
Iron Man 3ထွက်ခါစ က ဆော့ချင်တာနဲ့ အသည်းအသန်လိုက်ရှာပြီးဒေါင်းတာပေါ့ဗျာ... အဲဒီတုန်းလည်းဒီလိုပဲ .... APK + DATA1+DATA2+.......ဒီလိုမျိုးပဲငါးနေရာကနေတင်ပေးထားတာ...အဲဒါကိုကျွန်တော်က အကုန်လုံးဒေါင်းရမယ်မှက်ပြီးတော့ ဒေါင်းတော့တာပဲဗျာ... ဒေါင်းပြီးဖိုင်ဖြည်လိုက်တော့
4 GB ကျော်တယ်ဗျ... ဘယ်လောက်ထိ တိမ်လဲဆို အဲဒီ ၅ ခုလုံးဖုန်းထဲထည့်ဆော့တော့တာပဲ။
ဟီးးး အခုလည်းအဲလိုဖြစ်နေကြဦးမယ်နော်
အဆင်ပြေကြပါစေဗျာ


