Posted by Black Magic | Posted in Adds-on | Posted on 6:17 PM
Firefox 3 News
နောက်. အဲဒီ Firefox 3 Download Day 2008 နဲ့ ပတ်သက်လို့ Mozilla က ဒေါင်းလုဒ် ဆွဲသူတိုင်းကို အမှတ်တရ Guinness World Record Certificate ဆိုပြီး ပေးနေတာရှိပါတယ်။ အဲဒီ Certificate လိုချင်သူများ အောက်ပါ လင့်ခ်မှာ သွားရောက်လို့ မိမိနာမည် ကို ရိုက်ထည့်ကာ သွားယောက် ယူငင်နိုင်ပါပြီ။
ဘာပဲ ဖြစ်ဖြစ် Firefox 3 ကတော့ လွန်ခဲ့ တဲ့ March လ၊ ၅ ရက် နေ့က စတင် ထွက်ရှိခဲ့တဲ့ Microsoft ရဲ့ IE 8(Internet Explore 8 ) နဲ့စာရင် နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျော်ကြားမှု မှာရော၊ အသုံးပြုသူ အရေအတွက် မှာပါ သိသာ ထင်ရှားစွာ သာလွန်ခဲ့ တာကို တွေ့ရမှာပါ။ လက်ရှိ ပုံစံအတိုင်းသာ ဆက်လက် ချီတက်သွားမယ် ဆိုရင်တော့ Microsoft အနေနဲ့ Browser War မှာ အကြီးအကျယ် ထပ်မံ ရှုံးနိမ့်မှု တွေနဲ့ ရင်ဆိုင်ရပြီး ငွေရှင် ကြေးရှင်တွေ ထုံးစံအတိုင်း နောက်ဆုံး Mozilla Community ကြီး တစ်ခုလုံး နှင့် Firefox Browser ကို ငွေနဲ့ ပေါက် ၀ယ်ရမယ့် ကိန်းတွေ ဖြစ်လာနိုင်တယ် လို့ ယူဆမိပါတယ်။
Firefox 3 နဲ့ ပတ်သက်တဲ့ သတင်းစုံ ဖတ်ချင်သေးတယ် ဆိုရင်တော့ အောက်ပါလင့်ခ်ကို ဆက်ကြွပါ။
5 Essential Plugins For Firefox 3
ဒါကတော့ ကျွန်တော် ဂျီဟက်ခ် က ရတဲ့ သတင်းလေး တစ်ပုဒ် အပေါ် အခြေခံပြီး ကျွန်တော့် ယူဆချက်၊ တွေ့ရှိချက်တွေ နဲ့ထပ်မံ မွမ်းမံ ရေးသား ထားခြင်း ဖြစ်ပါတယ်။ အဓိက အနေနဲ့ ကတော့ Firefox အတွက် Plugins တွေ၊ Addons တွေ မြောက်များစွာ ရှိတဲ့ အနက်မှ စားသုံးသူတို့ အတွက် နည်းငယ်မျှဖြစ်စေ ရွေးချယ်စဉ်းစား နိုင်ပါစေကြောင်း ရည်ညွန်းချက် ပေးလိုရင်းပါ။ ဂျီဟက်ခ် ရဲ့ အလိုရော ကျွန်တော့် အလိုပါ နှစ်ခုလုံး ပါပါတယ်။ (ဤကား စကားချပ်) 
၁။ Google Toolbar Plugin For Firefox : နံပါတ်တစ် ကျွန်တော့် Favourite အဖြစ်ဆုံး Plugin ဖြစ်ပါတယ်။ ဘာကြောင့် ကြိုက်ရတယ် ဆိုတာကို ကျွန်တော် Firefox 3 RC 1,2 ဆောင်းပါး တုန်းက ရေးသားခဲ့ပြီးပါပြီ။ အခု ထပ်မံဖော်ပြပါ့မယ်။
အဓိကအားဖြင့်တော့ Google Toolbar Addon ပါ။ သူ့ကို ကျွန်တော် အဓိက ကြိုက်ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ Website တွေကို Bookmark လုပ်တဲ့ Feature ပါပဲ။ Google Toolbar မှာ ပါတဲ့ Bookmark Feature နဲ့ Bookmark လုပ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ Bookmark တွေဟာ မူလ မီးမြေခွေးမှာပါတဲ့ Bookmark တွေလို ကိုယ့်စက်မှာ၊ ဒါမမဟုတ် ကိုယ့်စက်မဟုတ်တဲ့ စက်တစ်ခုကို သုံးစွဲနေတုန်းမှာ ကိုယ်ပြန်ရှာချင်တဲ့ ကိုယ်မှတ်သားထားတဲ့ ဆိုဒ်တွေကို အလွယ်တစ်ကူ ပြန်ရှာမရဖြစ်တတ်တဲ့ ဒုက္ခက လွတ်ကင်းစေပါတယ်။ ဘာလို့လည်း ဆိုတော့ Google Toolbar ကတစ်ဆင့်မှတ်တဲ့ Bookmark တွေကို မိမိ ရဲ့ Google Acoount ထဲမှာ၊ အွန်လိုင်းပေါ်မှာ သွားမှတ်ထားတာ ဖြစ်လို့ပါပဲ။ အဲဒီတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်မှာပဲ အင်တာနက်သုံးသုံး၊ Google Toolbar လေးကို Download လုပ်ပြီးသကာလ မိမိ Bookmark တွေမှတ်သားထားတဲ့ Google Acoount နဲ့ Toolbar ညာဘက်အစွန်ဆုံးက Sign in ကိုဝင်ပြီး အသုံးပြုလိုက်မယ် ဆိုရင်ပဲ ပြဿနာတွေ တော်တော်များများ ပြေလည်သွားပါပြီ။တစ်ကယ်လည်း Bookmark Folder ဆိုတာ အင်တာနက် လောကရဲ့ ရတနာ တစ်ပါးပဲ မဟုတ်ဘူးလားဗျာ။ ဒီ Toolbar လေးရှိတော့ ကိုယ်သွားလေရာကို ကိုယ့်ရတနာတွေ သယ်သယ်သွားနေစရာ မလိုတော့ဘူးပေါ့ဗျာ.. မေ့ကျန်ခဲ့မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့..
နောက် တစ်ခု ထပ်မံ ဖြည့်စွက်လိုတာကတော့ PR လို့ အတိုကောက် ခေါ်တဲ့ Page Rank Checker လေး အကြောင်းပါ။ ၀ဘ်ဆိုဒ်တစ်ခုကို ၀င်ပြီဆိုတာနဲ့ ကျွန်တော် ရဲ့ အကျင့်တစ်ခုကတော့ Google Toolbar မှာ ပါတဲ့ Page Rank Checker လေးနဲ့ အဲဒီ ၀ဘ်စာမျက်နှာရဲ့ အဆင့်အတန်းကို လှမ်းအကဲ ခတ်လိုက်တာပါပဲ။ သာမန်လား၊ သိမ်းထားသင့်တဲ့ ၀ဘ်ပေ့ခ်ျလား၊ Subscribe လုပ်ထားရမယ့် ၀ဘ်ပေ့ခ်ျလား ဆိုတာ အဲဒီ PR ကိုကြည့်လိုက်တာနဲ့ တစ်ထိုင်တည်း ဆုံးဖြတ်နိုင်စေပါတယ်။
PR ရဲ့ သဘောသဘာဝကို အကျဉ်းဆုံး ရှင်းရမယ် ဆိုရင်တော့ လူတစ်ယောက်၊ ကားတစ်စီး၊ အိမ်တစ်လုံး.. ဘယ်အရာ မဆိုပါပဲ။ လူတိုင်းက တစ်စုံတစ်ခုကို အကဲဖြတ်ပြီ ဆိုရင် အဲဒီ အရာ အတွက် စံနှုန်း တစ်ခုနဲ့ တိုင်းတာ တတ်ကြပါတယ်။ ကားဆိုရင်လည်း ဆီစား သက်သာတာ၊ ၁ နာရီကို မိုင်ဘယ်လောက် အမြန်နှုန်း နဲ့ မောင်းနှင် နိုင်တာ စတဲ့ အချက်တွေနဲ့ တိုင်းတာသလိုပဲ ၀ဘ်ဆိုဒ် တစ်ခုရဲ့ အဆင့်အတန်း၊ ကျော်ကြားမှု၊ သူ့ရဲ့ အရေးပါမှု အခြေအနေကို ဒီPage Rank (PR) လေးက ဖော်ပြပါတယ်။ အခြေခံအားဖြင့် ၀ဘ်စာမျက်နှာ တစ်ခုရဲ့ PR အဆင့်အတန်းကို တစ်ရက်အတွင်း လာရောက် လည်ပတ်သူ အရေအတွက်၊ ၎င်း ကွန်ယက်အား Subscriber ပြုလုပ်ထားသူ အရေ အတွက်၊ Search Enging ကြီးတွေမှာ ရှာဖွေတွေ့ရှိနိုင်မှု၊ ထိုဝဘ်စာမျက်နှာ နှင့်တကွ ကွန်ယက် အတွင်းရှိ စာမျက်နှာများကို အခြား ၀ဘ်စာမျက်နှာ နှင့် ကွန်ယက်တွေမှာ လင့်ခ်ပြန်ပေးထားမှု အရေအတွက် (Refback,TrackBack, PingBack) စတာတွေနဲ့ တိုင်းတာ သတ်မှတ်ပါတယ်။
Google ရဲ့ PR (Page Rank) သတ်မှတ်ချက်၊ တိုင်းတာချက် အလုပ်လုပ်ပုံတွေ နဲ့ ပတ်သက်လို့ အကျယ် တစ်ဝင့် ဖတ်ရှု လေ့လာလိုတယ် ဆိုရင်တော့ ဒီနေရာ ကို ကြွပြီး ဖတ်ရှု လေ့လာ နိုင်ပါတယ်။
Google Toolbar နဲ့ ပတ်သက်လို့ ကျွန်တော် မရှိမဖြစ် သတ်မှတ်သုံးစွဲတဲ့ Major Function တွေကို ရှင်းပြခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အရေးပါတဲ့ Function တွေက ရှိနေဆဲပါ။ Auto Translation, Blog Search Engine စတဲ့ မြောက်များ လှစွာသော အသုံးဝင် Features တွေကို တော့ ကိုယ်တိုင် ကိုယ်ကျပဲ လက်တွေ့ လေ့လာ စမ်းသပ်ပြီး ယူငင်သုံးစွဲတော် မူကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
၂) Web Developer Toolbar - ဒုတိယ မြောက် ကျွန်တော် မရှိမဖြစ်သုံးတဲ့ Plugin တစ်ခုပါ။ အင်တာနက် ဆိုတာ လူသား အချင်းချင်း ပညာတွေကို လွတ်လပ်စွာ မျှဝေတဲ့၊ ဖလှယ်တဲ့ နေရာတစ်ခုပါ။ ကိုယ့် ဒီဇိုင်း၊ သူ့ဒီဇိုင်း ဆိုတာတွေဟာ လေ့လာလို့ မကုန်နိုင်ဖွယ် မြောက်များလှစွာပဲ။ အဲဒီ ဦးခေါင်းအမျိုးမျိုးက ထွက်လာတဲ့ အင်တာနက် ၀ဘ်ဒီဇိုင်း အနုပညာ အမျိုးမျိုး ကို လေ့လာဖို့၊ ဆည်းပူးဖို့၊ သင်ယူဖို့၊ အတုယူဖို့ ကြိုးစားတဲ့ နေရာမှာ ဒီ Toolbar လေးက အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ Web Developer တွေ ဆိုရင်လည်း ကိုယ့်ဒီဇိုင်း မှန်မမှန်နဲ့ အမှားရှာ ပြုပြင်ဖို့ အတွက် ဒီ Toolbar လေးရှိရုံနဲ့ အကြီးအကျယ် လုံလောက်တာ သေချာပါတယ်။
၃) Adblock Plus - ဂျီဟက်ခ် ရဲ့ နံပါတ် (၁) Recommend Plugin ဖြစ်ပါတယ်။ ကိုယ် ယုံကြည်တဲ့ ဆိုဒ်တွေကို ချန်ထားလို့ အလိုမရှိတဲ့ ဆိုဒ်တွေက အော်တိုမက်တစ် တက်တက်လာတဲ့ Advertisements တွေကို Block လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ မျက်စိနောက်တာ၊ စိတ်ရှုပ်တာ သက်သာချင်သူများ ရော သာမန်သုံးစွဲသူတွေပါ အထူးသုံးသင့်တဲ့ Plugin တစ်ခုပါပဲ။ တစ်ချို့ Ads တွေက အတော့်ကို စိတ်ပျက်စရာ ကောင်းလောက် အောင် အနှောင့် အယှက်ပေးတာ တစ်ခါလောက် ကြုံဖူးရင် ခင်ဗျားလည်း ဒီ Plugin ကို သုံးဖြစ်ဖို့ သေချာသလောက် ရှိပါပြီ။ 
၎) No Script- Internet ပေါ်မှာ ၀ဘ်ဆိုဒ်တွေ၊ ဒေတာတွေကို Hacking လုပ်တယ်ဆိုတာ များသော အားဖြင့် ဒီ Script တွေနဲ့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီစာဖတ်နေတဲ့ လူကြီးမင်းတို့ တစ်ချို့ ၀ဘ်ပေ့ခ်ျတွေမှာ Right Click လုပ်မရအောင် လုပ်ထားတာ မျိုး ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလို အခြေခံ Hack လေးတွေက အစ နောက်ဆုံး ကိုယ့်ရဲ့ ဒေတာတွေ (Credit Card No, Phone No, Bank Account ) စတာတွေကို အလိုအလျောက် အဲဒီ ဆိုဒ်တစ်ခုထဲ ၀င်လိုက်တာနဲ့ လှမ်းဖတ်ပြီး ရှိနေရင် ယူငင်တတ်တဲ့ Hacker Site တွေအထိ မျက်ကန်း တစ္ဆေ မကြောက် ပုံစံမျိုး သွားလို့လာလို့ ရအောင် Script မှန်သမျှကို Block လုပ်ပေးမယ့် Fighter Plugin ကောင်းကောင်း သုံးလိုတယ် ဆိုရင်တော့ ဒီကောင်လေး သုံးကြည့်ဖို့ ကျွန်တော် လက်တို့ ဖြစ်မှာ အသေအချာပါပဲ။
၅) Video DownloadHelper - Youtube လိုမျိုး ဆိုဒ်တွေကအစ လူသိသူသိရော၊ လူမသိသူမသိ Video Portal တွေ အဆုံး Web Video တွေမှန်သမျှကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်လို့ ရစေတဲ့ Plugin လေးဖြစ်ပါတယ်။ gHacks ရဲ့ (၅) ခုမြောက် Recommend Plugin ဖြစ်သလို ကျွန်တော့် အတွက်လည်း (၅) ခုမြောက် ဖြစ်ပါတယ်။
gHacks မှာပါတဲ့ လေးခုမြောက် Searchery Plugin အစား ကျွန်တော် က ဒီ Customization လေးကိုပဲ 2 in 1 အဖြစ်သုံးချင်ပါတယ်။ Google Toolbar ကို Tweak လုပ်ထားတာပါ။
Firefox ရဲ့ Add-on တွေ၊ Plugin တွေ မှန်သမျှကို တစ်စုတစ်စည်းရော၊ ကွဲကွဲပြားပြား ပါ မြင်တွေ့ လေ့လာ ရှာဖွေ၊ စမ်းသပ် သုံးစွဲ လိုတယ် ဆိုရင်တော့ အောက်ပါနေရာကို သွားရောက် ရှာဖွေကြည့်ရှု သုံးစွဲနိုင်ကြ ကြောင်းပါ ခင်ဗျား။ 
ရည်ညွန်းကိုးကား
- Mozilla Community
- Spread Firefox.COM
- Microsoft IE 8 Official Site
- NYTimes News
- gHacks Technology News
- Wikipedia.ORG written by Mhaw Sayar
- Credit to Mhaw Sayar
Comments (0)
Post a Comment