တခြားအပြင်လူများ Fri Request Button မမြင်ရအောင်ဖျောက်နည်း....(On Facebook) And IT နှင့် ပတ်သက်၍ တစ်စွန်းတစ်စ....

Posted by Black Magic | Posted in | Posted on 10:01 PM

Facebook မှာ မိမိကို Fri Request ပို့ရင် သက်ဆိုင်သူတွေပဲ ပို့ လို့ရအောင်...လုပ်ကြပါမယ်...




 ဒါကတော့ လူတိုင်းလိုလို သိကြမှာပါ .. မသိတဲ့ သူတွေ ရှိသေးလို့ ပြန်လည် တင်ပြပေးလိုက်ပါတယ်...

Facebook Privacy နဲ့ပတ်သက်တဲ့ Instructions တွေ လိုက်ဖတ်ကြည့်ရင်လည်း သိနိုင်ပါတယ်...

အခု နည်းလေးပဲ ကျွန်တော် ပြောပြပေးလိုက်ပါမယ်...

အားလုံးပဲ ကျွန်တော့် ကိုပို့စ်တင်ပါလို့ အရမ်းတိုက်တွန်းနေတဲ့ အကိုအစ်မမောင်နှမ များအားလုံးခင်ဗျာ..

အခု ကျွန်တော် (နောင်ခန့်သူ) အင်တာနက် လိုင်း အတက်အကျ ပြဿနာကြီးကို ရင်ဆိုင်နေရပါသဖြင့်..

အရင် ပြောထားတဲ့ ပို့စ်ကောင်းကောင်းလေးတွေ တင်ပေးနိုင်သေးမှာ မဟုတ်လို့ တောင်းပန်ပါတယ်...

ဒီတစ်ပတ်ကျော်သွားရင် ဒီဒုက္ခတွေ ကင်းဝေးသွားမယ်ထင်ပါတယ်...

ကဲကဲ ကျွန်တော် လေကြောရှည်နေပြီ ထင်ပါတယ်... အခုနည်းလေးကို စလိုက်ကြရအောင်ဗျာ...

အောက်မှာ ပုံလေးတွေ နဲ့ ပြပေးထားပါတယ်.... ကြည့် ပါ... မြားထိုးထားတဲ့ နေရာလေးတွေကို Click ပေးပါ..

အောက်က ပုံလေးတွေက တော့ PC သမားများအတွက်ဖြစ်ပါတယ်..


 အပေါ်မှာ ပြပေးထားတဲ့ ပုံအတိုင်း Who can contact me? ရဲ့ ဘေးနားက အောက်စိုက်နေတဲ့ မြားလေးကို

Click ပါ... အောက်က ပုံ လို မြင်ရပါလိမ့်မယ်...




ဒီနေရာရောက်ရင် Everyone ကို Click လိုက်ရင် အောက်ကလို ပေါ်လာပါလိမ့်မယ်...


အဲ့ဒီ့မှာ Friends of Friends ကိုရွေးပေးလိုက်ပါ... ကိုယ် လုံးဝ မသိတဲ့ သူတွေ ကိုယ့်ကို Add လို့ မရတော့ပါဘူး...

အောက်မှာ Mobile User တွေ အတွက်ပါ..

အောက်မှာပြပေးထားတဲ့ ပုံလေးအတိုင်း မျဉ်းသုံးကြောင်းပုံလေးကို Tap လိုက်ပါ...


 Settings & Privacy ကို ထပ် Tap ပါ...



 Privacy ကိုဝင်ပါ...အောက်မှာပုံပြပေးထားပါတယ်...



Who can send you friend requests? ကိုဝင်ပါ...



အောက်ကအတိုင်း Friends of Friends ကို Tap လိုက်ပါ... ထိလိုက်ပါ... ရပါပြီ..


ကဲ အားလုံးအောင်မြင်ပြီးဆုံးပါပြီ...

ကျွန်တော် တို့ နည်းပညာသမားတွေ အခု ရက်ပိုင်း တော်တော်ကို ဒုက္ခတွေ့နေကြပါတယ်...

Facebook တို့ Gtalk တို့နဲ့ ပတ်သက်ရင် PC သမားအတွက်ရော ဖုန်းသမားတွေ အတွက်ပါ..

တင်ပေးရမလိုဖြစ်နေပါတယ်.. တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် PC အတွက်သာ ပြောပြမိခဲ့ ပါလျှင်

မိမိ ဥာဏ်ရှိသလို ချဲ့ထွင်ပြီး Phone အတွက်ပါ နည်းလမ်း ရပါအောင် တွေးပေးကြပါလို့ တောင်းပန်ချင်ပါတယ်...

နောက်တစ်ခုပြောချင်တာကတော့ နေရာတိုင်းမှာ ဟာကွက်ရှိပါတယ်.. မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါ

ဘူး...

Blacklist Pro ထွင်ခဲ့ တဲ့သူက သူများသူ့ကို Blacklist နဲ့ ပြန်တွယ်မှာ လန့်ပြီး သူမခံရအောင် ဟာကွက်ထား

မှာပါပဲ...

ပြီးတော့ Facebook မှာ Fri Request တွေ Block မခံရအောင် လို့ လုပ်နိုင်တဲ့ သူတွေ လည်းရှိတာပေါ့ဗျာ...

(ကျွန်တော်တော့ မလုပ်နိုင်သေးပါဘူး.. :P)

နောက်ပြီး တခြားသော ပညာရှင်တွေ အကုန်လည်း ဟာကွက်တွေ ထားပါသေးတယ်.. ကျွန်တော် ဥပမာ အနေနဲ့ ပြောပြတာပါ....

ဒါကြောင့် အကြောင်းအရာ တစ်ခုခုကို လေ့လာတော့မည် ဆိုလျှင် ဦးနှောက်သုံး စဉ်းစားကြပါလို့

ထပ်ပြောချင်လို့ ပြောပြလိုက်ပါသည်.....

နားပါဦးမည်..

Shre From : : : Here! ! !

Credit to: နောင်ခန့်သူ

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.