iDevices တွေကို font လှလှလေးတွေနဲ့ အလှဆင်မယ်

Posted by Black Magic | Posted in , | Posted on 3:16 AM

Jailbroken iDevices တွေကို fonts လှလှလေးတွေနဲ့ အလှဆင်ကြမယ်ဗျာ
အရင်ဆုံး Cydia>>>Search>>> မှာ bytafont
ကိုရိုက်ရှာပြီး install လုပ်ပါ
install complete ဖြစ်သွားပြီ ဆို bytafont အထဲကိုဝင်ပါ
iPhoneRuler.net>>>အထဲဝင်ပြီးဖုန်းကနေပြီးလဲကိုကြိုက်တဲ့ font ကို
ဒေါင်းလို့ရတယ်
ကိုယ်ဒေါင်းလိုက်တဲ့ font ကို apply လုပ်တဲ့နည်းအောက်မှာဆက်ပြောပါ့မယ်

ကိုယ်လိုချင်တဲ့ font ကိုကွန်ပြူတာကဒေါင်းပြီး device ထဲကိုထည့်နည်းကိုအရင်
ပြောမယ်ဗျာ
http://www.iphoneruler.net/browse-iphone-fonts
အထဲဝင်ပြီးကိုယ်ကြိုက်တာစိတ်ကြိုက်ဝင်ဒေါင်း
ကွန်ပြူတာကကိုယ်ဒေါင်းလိုက်တဲ့ Font ကို device အထဲထည့်ဖို့အတွက်
tool တွေကတော့အများကြီးပဲ ကျွန်တောက iTools ကိုသုံးထားပါတယ်
official site ကဒေါင်နည်းကို ဒီမှာ ဝင်ကြည့်ပါ
iDevice ကိုကွန်ပြူတာနဲ့ချိပ်ပြီး iTools ကိုဖွင့်ပါ
FileSystem>>>FileSystem(jailbreaked)>>>Var>>>Mobile>>>Library
ကိုသွားပါ
ဖုန်းကနေပြီး font တစ်ခုလောက်ဒေါင်းထားပြီးပြီဆိုရင် Library အထဲမှာ
MyFonts ဆိုတဲ့ folder ရှိနေလိမ့်မယ်
တစ်ခါမှမဒေါင်းရသေးဘူးဆိုရင် New Folder ကိုနှိပ်ပြီး MyFonts နာမည်နဲ့ folder
ဆောက်ပါ MyFonts ကိုကျွန်တောရေးထားသလို စာလုံးအကြီးသေး
တိတိကျကျ ရိုက်ပါ

MyFonts folder အထဲကိုဝင်ပြီး ကိုယ်ဒေါင်းထားတဲ့ font folder ကိုထည့်ပါ
ကိုယ်အဆင်ပြေသလိုထည့်လို့ရတယ်
import ကထည့်ချင်ထည့် မထည့်ချင်ရင် ဒီအတိုင်းဆွဲထည့်လို့လဲရတယ်
အရေးကြီးတာက folder လုက်ဆွဲထည့်ပါ
ဥပမာ... Storybook.font ဆိုတဲ့ font folder ဆိုပါစို့ အဲဒီ Storybook.font 
folder လိုက်ဆွဲထည့်ပါ
အောက်မှာကျွန်တောဒေါင်းထားတဲ့ font တွေတင်ပေးထားပါတယ်
Fonts တွေထည့်လို့ပြီးပြီဆိုရင် ကိုယ့် iDevice ထဲက BytaFont အထဲကိုသွားပါ
ပြီးရင် Basic ထဲကိုသွားကြည့် iTools ကသွင်းလိုက်တဲ့ fonts တွေမြင်ရလိမ့်မယ်

fonts တွေထဲ Storybook.font ကို apply လုပ်ပြမယ်
Storybook.font ကိုနှိပ်လိုက် ပြီးရင် Yes ကိုနှိပ်လိုက် iDevice က respring ကျသွားမယ်
iDevice ပြန်တက်လာပြီဆိုရင် Font style ကလမ်းနေလိမ့်မယ်ဗျာ
အောက်မှာကြည့်



ထပ်ပြီးနည်းနည်းပိုကလိရအောင် BytaFont>>>Advanced နဲ့ More
ကိုသွားကြည့်ဗျာ
ကိုလိုချင်တာလောက်ပဲ font တွေပြောင်းလို့ရတယ်
font change ပြီးတိုင်း respring လုပ်တယ်နော်

ကိုယ်ပြောင်းထားတဲ့ font ဆိုရင် marking လေးနဲ့ပြတယ် basic အထဲမှာနော်
ဒီလောက်ဆိုရင်တော့ ကလိလို့ရပြီနော် စမ်းကြည့်ကြနော် မိုက်တယ်
ကြိုက်တယ်ဆိုရင် ကျွန်တော် site လေးမှာ like တွေ မန်ဘာတွေ ဝင်ပေး
စိတ်မဆိုးဘူး ဟီဟီ....
အားလုံးအဆင်ပြေပါစေ 

Credit to-
အဓိပတိ
www.trtech-mm.com

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.