Posted by Black Magic | Posted in Android Applications , နည်းလမ်းများ | Posted on 1:43 AM
သူများဖုန်းကနေ ကိုယ်ကြိုက်တဲ့ Boot Img လေးကို သိမ်းထားချင်တယ်ဆိုရင် ဒီနည်းလေးကိုသုံးကြည့်ပါ.
လွယ်ပါတယ်.. Android ဖုန်းတိုင်းက recovery နဲ့ boot img ကို online မှာရှာလို့မရဘူးဗျ။
ကိုယ်လိုတဲ့အခါသုံးလို့ရအောင် backup လုပ်ထားတာမမှားဘူးနော် ။ ဒီနည်းကို လုပ်ဖို့ကတော့ကိုယ့် ဖုန်းက root ထားပြီးသားဖြစ်ဖို့လိုပါတယ်
ကဲ...အဓိကလိုတဲ့ မင်းသားကိုအ၇င်ဒေါင်းမယ်ဗျာ
ဒေါင်းပြီးပြီဆိုရင် install လုပ်.... ပြီးရင် terminal ကိုဖွင့်ပါ
cat proc/mtd ဆိုပြီးရိုက်လိုက်ပါ
ဒါဆိုအောက်ကလိုပေါ်လာမယ်ဗျာ ကိုယ်ထုတ်ချင်တဲ့ img ကိုထုတ်လို့ရတယ်. . . recovery.img နဲ့ boot.img ကိုထုတ်တာပြမယ်နော်......... recovery.img က mtd6, boot.img က mtd0
ဖုန်းတစ်လုံးနဲ့တစ်လုံးမတူပါဘူး အသေမမှတ်ပါနဲ့.....! cat proc/mtd ရိုက်လိုက်လို့ ပေါ်လာတာမှ အမှန်ပါ
su လို့ရိုက်ပါ superuser request တောင်းပါတယ်
Grand ဖြစ်ဖြစ် Allow ဖြစ်ဖြစ်လုပ်လိုက်ဗျာ
dd if=/dev/mtd/mtd6 of=/sdcard/recovery.img bs=4096
လို့ရိုက်ပြီး enter နှိပ်
အရေးကြီးတာက mtd6 ပါ ပေါ်မှာပြောခဲ့တဲ့အတိုင်း recovery ရဲ့ mtd က
mtd6 လို့ရေးထားလို့
dd if=/dev/mtd/mtd6 လို့ရေးတာပါ
တစ်ကယ်လို့ mtd1 ဆို mtd1 လို့ပြောင်းပါ အခုတော့ mtd6 ပဲထားလိုက်ပါ
ပြီးရင် boot.img ကိုအပြင်ထုတ်ဖို့အတွက်
dd if=/dev/mtd/mtd0 of=/sdcard/boot.img bs=4096
လို့ရိုက် ပြီး enter နှိပ်
terminal ကပြန်ထွက်ချင်ရင်
exit enter
exit enter
လို့ ၂ ခါနှိပ်ပြီးထွက်ပါ terminal ထဲမှာ exit ပဲရိုက်နော် enter က
keyboard မှာရှိတယ် (စတာနော်) :P
အားလုံးပြီးရင် ဖုန်းထဲက SDcard ထဲဝင်ကြည့် boot.img နဲ့ recovery.img
ကိုတွေ့ပါပြီ အပြင်ဆွဲထုတ်ပြီး backup လုပ်ထားပေါ့ဗျ
အားလုံးအဆင်ပြေပါစေ
Ref:TR Tech











Comments (0)
Post a Comment