''This Connection is Untrusted '' Error ဖြေရှင်းနည်း

Posted by Black Magic | Posted in | Posted on 6:55 PM




တနေ့က blogger.com ကိုဝင်တော့ ကျွန်တော်ကွန်ပျုတာမှာ အပေါ်ကလိုကြီးပေါ်လာတယ်. . . ကျွန်တော်လည်းစဉ်းစားလို့မရဘူးဖြစ်သွားတာက ဘယ်ဆိုဒ်တွေကို ၀င်ဝင် အဲလိုမပေါ်ဘူး
blogger.com ကိုဝင်မှအဲလိုပေါ်တာ... အဲဒါနဲ့ကျွန်တောလည်း တခြားBrowser တွေပြောင်းသုံးကြည့်တယ် Chrome Ie  တစ်ခုမှမရဘူး.. Maxthon 3 နဲ့ာတော့ရတယ်... အဲဒါနဲ့ကျွန်တော်လည်း Maxthon 3 နဲ့ပဲသုံးနေလိုက်တယ်.. ဒီနေ့ကြမှ MMITHELPER ကတင်ထားတာတွေ့တော့မှရှင်းသွားတော့တယ်... mmithelper ကိုလည်းကျေးဇူးတင်ပါတယ်
ကျွန်တော့်လိုပဲ ဖြစ်ဘူးတဲ့သူတွေ ဖြေရှုင်းတဲ့နည်းလမ်းမသိသေးတဲ့သူတွေအတွက်ပြန်ရုယ်ပေးလိုက်ပါတယ်
အဆင်ပြေပါစေဗျာ
BlackMagic

koko: ကျနော့်Emailအကောင့်မှာပြဿနာဖြစ်နေပါတယ်၊Untrust connection ဆိုပြီးပိတ်ထားတာ Email sign in တောင်မပေါ်လာပါဘူး မေးလ်အကောင့်သုံးခုရှိပေမယ့်ဘယ်အကောင့်မှဝင်မ၇ဖြစ်နေပါတယ် အင်တာနက်ဂျာနယ်ဒေါင်းတော့လည်းSkip ADD
 နှီပ်ပြီးမကြာခင်မှာပဲ Untrust connection ဆိုကြီးလာပိတ်ပြန်ရော ဘာလုပ်ရမလဲခင်ဗျာ လွန်ခဲ့တဲ့လေးရက်လောက်ကတစ်ခါဖြစ်တယ် နှစ်ရက်လောက်အင်တာနက်မသုံးပဲပစ်ထားပြီးမှြ
ပန်ဖွင့်တော့ပွင့်လာတယ် ၀င်ဒိုးအသစ်တင်ပြီးမှ အခုတစ်ခါဖြစ်ပြန်ပြီ ၀င်းဒိုးပြန်တင်ရဦးမလားမသိပါဘူး ဖြေရှင်းနည်းလေးသိရင်ကူညီပါဗျာ...

ITHelper => ဟုတ်ကဲ့... အစ်ကိုအခုဖြစ်နေတဲ့ ပြသနာဟာ ဘာကြောင့်ဖြစ်ရသလဲဆိုရင်...

1. မိမိကွန်ပျူတာရဲ့ Date / Time / Year / Months ဟာ ယခုရောက်ရှိနေတဲ့ Date / Time / Year တို့နှင့်တူညီမှုမရှိချင်းအထူးသဖြင့် Date / Year  / Months မှန်ကန်မှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒီလို
မမှန်ကန်ဘူးဆိုရင် Gamil , Facebook , Gtalk  စတဲ့ Website တွေဖွင့်မရဖြစ်ပြီး အထက်ပါ Error မျိုးကြုံ
တွေ့ကြရပါတယ်..ဖြေရှင်းနည်းကတော့ လွယ်ပါတယ်..မိမိကွန်ပျူတာရဲ့ Date / Time / Months / Years
ကိုမှန်ကန်အောင်ပြန်ပြီး ညှိလိုက်ပါ..ဒါဆိုရင်အဆင်ပြေသွားပါပြီ

2. ဒုတိယတစ်ချက်ကတော့ ကွန်ပျူတာရဲ့ CMOS Battery အားနည်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..
ဒီလိုအားနည်းနေပြီဆိုရင် အထက်ပါ Date / Time / Months /Years တို့ကို မှန်ကန်အောင်ပြန်လည်ချိန်
ညှိထားသော်လည်း..များမကြာမှီအချိန်အတွင်းမှာ အမှားတွေ ပြန်ဖြစ်ကုန်ပါတယ်...အဓိက လက်သည်
ကတော့ CMOS Battery ကြောင့်ပါ..ဒါကြောင့် Battery ကိုလဲလိုက်ပါ..လေးငါးရာ တစ်ထောင်လောက်ပဲရှိ
ပါတယ်။



 CMOS Battery လဲလှယ်တပ်ဆင်ပုံ


3.နောက်ဆုံး ဖြစ်ရတဲ့အချက်ကတော့ မိမိဖွင့်လိုက်တဲ့ Website Address ရဲ့လိပ်စာဟာ မှန်ကန်မှုမရှိခြင်း သို့
မဟုတ် မူရင်း Host ရဲ့ HTTP Services မှားယွင်းနေခြင်းကြောင့်ဖြစ်ပါတယ်..ဒီနောက်ဆုံးအချက်ကတော့ အလွန်ဖြစ်ခဲပါတယ်။ကဲ....ဖြေရှင်းနည်းလေးတော့တင်ပေးပြီးသွားပါပြီ..အဆင်ပြေပါစေလို့
ဆုတောင်းပေးလိုက်ရပါတယ်ခင်မျာ....

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.