Apple မှ ဈေးနှုန်း ချိုသာသည့် iPhone မိတ်ဆက်မည်

Posted by Black Magic | Posted in | Posted on 12:23 PM







Apple မှ ဈေးနှုန်း ချိုသာသည့် iPhone မိတ်ဆက်မည် Apple ကုမ္ပဏီသည် လာမည့်လ တွင် ထိုင်ဝမ်၌
ဈေးနှုန်း သက်သာသည့် မော်ဒယ်သစ် များ အပါအဝင် iPhone ဗားရှင်း အသစ်နှစ်မျိုး ကို ဖြန့်ချိ မည်
ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ Foxconn ပင်မ ကုမ္ပဏီ တစ်ခုဖြစ်သည့် ထိုင်ဝမ် အခြေစိုက် Hon Hai Precision သည်
အဆင့်မြှင့်ထားသည့် i Phone အပါအဝင် ဈေးနှုန် သက်သာ သည့် မော်ဒယ်အသစ် များကို ရောင်းချ
ပေးသွားမည်ဖြစ်သည်။

Apple ကုမ္ပဏီသည် ၄င်း၏မူလ ဈေးကွက်ကို ပြန်လည် ရယူသည့်အနေ ဖြင့် စက်တင်ဘာလ ၁ဝ ရက်
တွင် စမတ်ဖုန်း အသစ်များကို မိတ်ဆက်ပေး သွားမည် ဖြစ်သည်။

စီးပွားပြိုင် ဖြစ်သည့် ဆမ်ဆောင်း ဘက်က စမတ်နာရီ အပါအဝင် စမတ် ဖုန်းနှင့် အခြား ပစ္စည်းများ ဖြန့်
ချိရန် လုပ်ဆောင်မှုများကြောင့် Apple ဘက် မှလည်း အပြိုင် ထုတ် လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Apple ဟန်းဆက်သည် ဈေးနှုန်း ချိုချိုသာသာနှင့် ဝယ်သူကို စွဲဆောင်နိုင် မည်လော အထူးသဖြင့် ဈေး
ကွက်ကို ထိုးဖောက်နိုင် မည်လောဟု ထင်ကြေး ပေးမှုများ ထွက်ပေါ်လျက် ရှိသည်။

By Popular News

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.