ရွှေဘိုမင်းကုန်း ဆရာတော်ကြီး၏ ရုပ်ကလာပ် ပျံလွန်တော်မူပြီး ရှစ်လကြာထိ မပုပ်မသိုးရှိနေ

Posted by Black Magic | Posted in | Posted on 5:42 AM



စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာ ကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိနေသော ဦးနန္ဒီယဆရာ တော်ကြီးသည် သက်တော်ရ၅နှစ်၊ ဝါတော် ၅၄ဝါအရတွင် ၂၀၁၂ခု နှစ် ဒီဇင်ဘာ ၁၄ရက်က ပျံလွန် တော်မူခဲ့သော ဆရာတော်ကြီး ၏ ရုပ်ကလာပ်သည် ယခု၂၀၁၃ ခု၊ ဩဂုတ် ၁၄ရက်တိုင်အောင် ထူးဆန်းစွာ မပုပ်မသိုးဘဲရှိနေ ကြောင်း သိရသည်။

''ဆရာတော်ကြီးက အစက တော့ ဒီကျောင်းမှာ သင်္ကန်း ဝတ်တာမဟုတ်ဘူး။ စပြီးတော့ သာသနာ့ဘောင်ထဲဝင်ခဲ့တာက တော့ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်ကြင်းပင်ကျောင်း တိုက်မှာ ဝင်ခဲ့တာဖြစ်တယ်။ ဆရာ တော်ကြီးရဲ့ ဆရာ အရင်း ကတော့ ဂွေးပင်ကျောင်းတိုက် ဦးဝိသုဒ္ဓ၏ တပည့်ဖြစ်တယ်။
မင်းကုန်းကျောင်း ကိုရောက်ခဲ့တာကတော့ နှစ်ပေါင်း ၃ဝကျော်လောက်တော့ရှိပြီလို့ ဆိုပါတယ်။ဆရာတော်ကြီးက ပရိယတ္တိကိုတော့ သိပ်ပြီးတော့ အားမပေးပါဘူး။ ဆရာတော် ကြီးအားပေးတာကတော့ ဝိပဿ နာပါ။

ပျံလွန်တော်မူပြီးတဲ့နောက် ပိုင်းမှာ ဦးဇင်းတို့က ဆရာတော် ကြီးကို မြင်တဲ့အတိုင်းပဲ မှန်ခေါင်း ထဲမှာ ထည့်ထားတယ်။ ထည့်ထား ပြီးတဲ့ ခုနစ်လ ရှစ်လလောက်မှာ ဆရာတော်ကြီးရဲ့ ခြေသည်း၊ လက် သည်းတွေဟာလည်း နည်းနည်း ရှည်လာတယ်။ ဆံပင်တွေလဲရှည် ထွက်လာတယ်။

နောက် မုတ် ဆိတ်လဲ အနည်းငယ်ရှည်လာပါ တယ်။ ဦးဇင်းတို့ သင်္ကန်းလဲတဲ့ အခါမှာ လည်း ဆရာတော်ကြီး ထံမှာ ကျင်ကြီး နှစ်ကြိမ်တွေ့တယ်။ ဒါကတော့ အတော်လေးထူးဆန်း တာဖြစ်ပါတယ်။

နောင်လာနောက် သားတွေ ဖူးမျှော်နိုင်အောင် မှန် ခေါင်းထဲထည့်ပြီးထားတာ ဖြစ်ပါ တယ်''ဟု မင်းကုန်းကျေးရွာ သီရိ မင်္ဂလာ ကျောင်းတိုက်ရှိ ဦးဥတ္တမ က ပြောပြခဲ့သည်။

အဆိုပါ ရွှေဘိုမြို့နယ် မင်း ကုန်းကျေးရွာတွင်ရှိသော သီရိ မင်္ဂလာကျောင်းတိုက်တွင် သီတင်း သုံးနေသည့် ဆရာတော်ကြီးဦးနန္ဒိ ယသည် သက်တော် ၇၅နှစ်၊ ဝါ တော် ၅၄ဝါအရတွင်ပျံလွန်တော် မူသွားခဲ့ခြင်းဖြစ်သည်။

လေပွေနီ(အင်းတော်)
Yangon Media Group

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.