'ဒီတစ်ပတ်ရဲ့ သတင်းလူသားး'

Posted by Black Magic | Posted in | Posted on 2:50 AM

အွန်လိုင်း အင်တာနက် လူမှု ကွန်ယက်တခုဖြစ်တဲ့ ဖေ့စ်ဘုတ် လောကမှာ တချို့ရက်တွေမှာ အပိုင်စား 
ရတဲ့ သူတွေ ရှိပါတယ်။ ဆိုလိုတာက အဲဒီရက် တချို့မှာ တစုံ တယောက်သော သူနဲ့ ပတ်သက် လာတဲ့ 
ဖော်ပြမှု၊ ရေးသားမှုတွေ အများဆုံး ဖြစ်တာတာပါ။ 


ဒီ ရက်ပိုင်းတွေအတွက် မြန်မာဘာသာနဲ့ ဖေ့စ်ဘုတ်စာမျက်နှာများကို သိမ်းပိုက်ထားသူကတော့အင်ပါ
ယာ နေ့စဉ်သတင်းစာတိုက် အကြီးအကဲလည်းဖြစ် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌလည်းဖြစ် 
သူ ဦးကောင်းမြတ်ထွဋ် ဖြစ်ပါတယ်။ 

စာဖတ်သူ ပရိတ်သတ်များ သိကြတဲ့အတိုင်း ဦးကောင်းမြတ်ထွဋ်က သူ့ရဲ့ သတင်းစာတိုက် ၀န်ထမ်းတွေ
ကို လွန်ခဲ့တဲ့ ဇူလိုင် လတုန်းက ပြောဆိုခဲ့တဲ့ အသံဖိုင်က အင်တာနက် လူမှု ကွန်ယက် စာမျက်နှာတွေ
ပေါ်မှာ အတော် ပျံ့နှံ့နေတာပါ။

ဝေဖန်သံတွေ ပွဲ အဆူဆုံးဖြစ်စေခဲ့တဲ့ အသံဖိုင်တခုလည်းဖြစ်ပါတယ်။ 

နာမည်ကြီး စာရေး ဆရာ ဖေမြင့်ကို လည်း အချိန်မရွေး ကြိုက်တဲ့နေရာ စစ်ထိုးပြီး ယှဉ်ပြောမယ်ဆိုတာ 
လည်း ပါရဲ့။ 

ဒေါ်အောင်ဆန်းစုကြည်ကို ၄၅ မိနစ်တာ လက်ချာရိုက်တာ အပါအ၀င် ၀ါရင့် နိုင်ငံရေး သမားကြီး ဦးသုဝေ
ကို ငယ်ငယ်တုန်းက သူ့ရည်းစားတွေက ကိုကိုညွှန့်လို့ ခေါ်တယ်လို့ ပြော တာလည်း ပါရဲ့။ 

နောက် အခု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကိုလည်း ၁၉၈၈ ခုနှစ်တုန်းက သူခိုးကြီးများ သမဂ္ဂ
ထောင်တာ မင်းတို့ သိလားဆိုတာလည်းပါသလို ဘယ်နိုင်ငံရေး သမားတွေကိုမှ အထင်မကြီးကြောင်း 
လည်း ဦးကောင်းမြတ်ထွဋ်ရဲ့ အသံဖိုင်ထဲမှာ ပါဝင်ပါတယ်။ 

နိုင်ငံရေး သမားတွေနဲ့ပတ်သက်ပြီး သူက .............

"မင်းတို့ ကျွတ်ကျဲစရာ တခုမှ မရှိဘူးနော်၊ မင်းတို့ ခေါင်းထဲမှာ တခါတည်း နားလည်ထားဖို့က အဲကောင်
တွေ တကောင်မှေ-ာက်သုံးမကျဘူး။ အဲဒါ မင်းနားလည်ထား၊ေ-ာက်သုံးမကျလို့ တိုင်းပြည်ကြီး လည်း 
ဒီလိုအခြေအနေဖြစ်နေတာ" ဆိုတာလည်း အသံဖိုင်မှာ ပါဝင်ပါတယ်။ 

ဒီအသံဖိုင် ပေါ်ထွက်လာလို့ Hot News ဂျာနယ်က ဆက်သွယ် မေးမြန်းလိုက်တော့ ဦ်းကောင်းမြတ်ထွဋ် 
ရဲ့ ထပ်မံ အ တည်ပြု ဖြေကြားချက်တွေကြောင့် ပွဲက ပိုဆူသွားတယ်။ 

သူ့အသံဖိုင်ကို နားထောင်ချင်သူများ အတွက်လည်း ပြန်လည်မျှဝေလိုက်ပါတယ်။
https://soundcloud.com/ko-nyan/kaung-myat-htut





Share From Simon (Online Library)

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.