5 Ways To Protect Online Accounts
Posted by Black Magic | Posted in , | Posted on 12:24 AM
clip_image002
Strong Passwords တွေကို အမြဲအသုံးပြုပါ။
Passwords တွေကိုရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့အတွက် သင့် Passwords တွေကို Strongဖြစ်အောင်ပြုလုပ်သင့်ပါတယ်။မှတ်ရလည်းလွယ်တဲ့ဖာက်ထွင်းရခက်တဲ့Passwords တွေပေးရင်တော့အကောင်းဆုံးပါပဲ။
ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်ကအချက်တွေကိုလိုက်နာသင့်ပါတယ်။
·         Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
·         Special Characters,Numbers တွေကို အသုံးပြုပါ။
·         Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
·         စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
·      Birthdate,Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊စကားလုံးတွေကိုအသုံးမပြုသင့်ပါ။
မှတ်ရလွယ်ပြီးကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ နည်းတွေ ရှိပါတယ်။
·         Letters တွေနေရာမှာ Numbers တွေ အစားထိုးသုံးပါ။ဥပမာ ။ thuzar အစား  thuz@1
·       Sentence တစ်ခုကစကားလုံးတွေ ရဲ့  ထိပ်ဆုံးစာလုံးတွေကိုအသုံးပြုပါ။ဥပမာ ။ “Everything I Do I Do It For You” ဆိုတဲ့ စာကြောင်းကနေ EIDIDIFY ဆိုတဲ့ Password ပြုလုပ်နိုင်ပါတယ်။
·         စကားလုံးတစ်ခု ကို Reverse လုပ်ပြီးသုံးပါ။ဥပမာ ။ neighborhood -à doohrobhgien
အပေါ်ကဥပမာ ပေးထားတဲ့ Passwords တွေကအရမ်းတော့ ကောင်းမွန်မှုမရှိပါဘူး။Numbers,Letters,Special Characters တေါ ပါဝင်ပြီးရှည်လျားတဲ့ Passwords မျိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ဥပမာ။   E1d_1D!4Y:
Passwords ပေးဖို့ မစဉ်းစားတတ်ရင် Pronounceable Password Manager လို Web App တွေကိုသုံးနိုင်ပါတယ်။
clip_image004
မတူညီတဲ့ Passwords တွေသုံးပါ။
Password Manager တွေ သုံးပါ။
အင်တာနက်စွဲလမ်းသူတွေ အတွက်တော့ Online Account တွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါတယ်။အဲလောက်များတဲ့အကောင့်တွေ မှာ မတူညီတဲ့၊ မှန်းဆရခက်တဲ့ Passwords တွေကို သင်ဘယ်လို Manage လုပ်မလဲ? LastPass  လို Password Manager ကိုသုံးရင် Master Password တစ်ခုသာမှတ်ထားရမှာဖြစ်ပြီး ကျန်တဲ့ Passwords အားလုံးကိုမေ့ထားနိုင်ပါပြီ။ LastPass က Features တွေ များစွာပါရှိပါတယ်။ကောင်းမွန်တဲ့ Features အနည်းငယ်ကိုဖော်ပြလိုက်ပါတယ်။ Password Generator ပါရှိပြီး ဖောက်ထွင်းရခက်တဲ့ Passwords တွေကို ပြုလုပ်ပေးနိုင်ပါတယ်။ Passwords တွေကို ကဏ္ဍတွေခွဲပြီးမှတ်သားပေးနိုင်သလို Auto Login,Auto Fill  လုပ်ပေးနိုင်ပါတယ်။ Passwords သာမကဘဲ Secure Notes,Auto Fill Form တွေကိုပါမှတ်သားပေးနိုင်ပါတယ်။ LastPass က Online , Offline ရောသုံးနိုင်ပါတယ်။ Online မှာလည်းသင့်အကောင့်တွေကိုသိမ်းထားတဲ့အတွက် Device အားလုံးကနေ Sync လုပ်ပြီးသုံးနိုင်ပါတယ်။Online မှာသိမ်းထားလို့  စိတ်ချရပါ့မလား?အဲဒီအတွက် LastPass က Security Features တွေ များစွာပြုလုပ်ပေးထားပါတယ်။ Google Authenticator ကိုသုံးပြီး 2-step verification ပြုလုပ်နိုင်သလို တစ်ခြား Multi Factor Authentication လုပ်နိုင်တဲ့ Features တွေ လည်းရှိပါတယ်။LastPass က Free/Premium နှစ်မျိုးရှိပြီး Windows,Mac,Linux တို့ မှာ Free သုံးနိုင်ပါတယ်။ Premium ၀ယ်သုံးရင်တော့ Mobile ,Tablet တွေမှာပါသုံးနိုင်တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။Password တွေကို Online မှာမသိမ်းချင်ရင် KeePass လို Open Source Freeware ကိုသုံးနိုင်ပါတယ်။ KeePass က LastPass လောက် Features တွေ မစုံသလို အသုံးပြုရတာသိပ်ပြီးအဆင်မပြေလှပါဘူး။
clip_image006
Two-Factor Authentication အသုံးပြုပါ။
Google,Facebook,Microsoft စတဲ့ Service တွေ က Two-Factor Authentication ကို Support ပေးပါတယ်။အဲလို မျိုး Service တွေမှာ Two-Factor Authentication ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့်တွေကို Passwords နှစ်ထပ်ခတ်ပြီးလုံခြုံမှုရှိစေပါတယ်။ ဒီ Feature ကိုသုံးခြင်းဖြင့်သင့်အကောင့် Password တွေကို တစ်ခြားသူကသိသည့်တိုင်အောင် သင့်ဖုန်းသူ့ မှာမရှိတဲ့အတွက် သင့်အကောင့်ကိုသူဝင်လို့ မရတော့ပါဘူး။ Two-Factor Authentication က သင့်အကောင့်ကို သင့် Mobile Phone နဲ့  ပူးချည်ထားသလို ဖြစ်ပါတယ်။ Google, Microsoft အကောင့်တွေမှာ 2-step verification အသုံးပြုနည်းကိုရေးပေးဖူးပါတယ်။
clip_image008
Password Recovery ပြုလုပ်ဖို့ မတူညီတဲ့ အီးမေးသုံးပါ။
Websites တော်တော်များများမှာ  Password မေ့သွားရင် Recover လုပ်နိုင်ဖို့  တစ်ခြားအီးမေးတစ်ခုကို အသုံးပြုလို့ ရပါတယ်။Passwords မမေ့ခင်ကတည်းက Account Setting ထဲမှာ Setup လုပ်ထားဖို့ လိုပါတယ်။အဲဒီ Feature ကိုအသုံးပြုခြင်းဖြင့်သင့်အကောင့် Hack ခံရရင် ပြန်ပြီး Recover လုပ်နိုင်မှာပါ။
အချုပ်အားဖြင့်ပြောရရင်အင်တာနက်အသုံးပြုနေရင်တော့ဘယ်အရာမှစိတ်မချရပါဘူး။ဒါပေမယ့်အပေါ်ကနည်းတွေကို
အသုံးပြုပြီးသင့်အကောင့်တွေကို အကောင်းဆုံးကာကွယ်နိုင်ပါတယ်။
Credit to KoThura
Comments (0)
လိုချင်တာရှိရင်အော်ခဲ့နော် !
Don't Forget to Like & Follow
Daily Email Updates
Subscribe to Get Latest Updates Free
Check IP
IP
ask4linksask4pc
ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?
ယနေ့ငွေလဲနှုန်း
DMCA.com Protection
Powered By:
Black Magic © 2013 - All Rights Reserved.