Best 5 Free VPN Service

Posted by Black Magic | Posted in , | Posted on 7:29 AM

VPN ဆိုတာကတော့ Virtual Private Network ရဲ့အတိုကောက်စာလုံးပါ။ လိုရင်းတိုရှင်းပြောရရင် အင်တာနက်ကနေ ကိုယ်ရဲ့ LAN Network ကို Access ယူပြီး အင်တာနက်သုံးတဲ့သဘောပါပဲ။ ဥပမာ မိမိက လေဆိပ် ဒါမှမဟုတ် တစ်နေရာရာကိုရောက်နေမယ်။ ဒါပေမယ့် သူများ Public Wifi Zone တွေမှာ ကိုယ်ရဲ့ paypal account ကို login မလုပ်ချင်ဘူး။ အဲလိုအခြေနေမှာ ကိုယ်ရဲ့ LAN Network ကို Over Internet ကနေ Access ရယူလိုတဲ့အခါ အသုံးပြုရပါတယ်။ သူများနိုင်ငံတွေမှာတော့ Service ပေးပြီးရယူကြပါတယ်။ VPN ကိုသုံးရင် Connection တော့ နည်းနည်းလေးသွားပါမယ်။ သူများနိုင်ငံမှာတော့ ဘာမှမသိသာပါဘူး။ ကိုယ်တွေကတော့ မရတာများတယ်။ ဒါပေမယ့် အနည်းဆုံးတော့ VPN နဲ့ချိတ်လိုက်ရင် IP Change သွားပါတယ်။ ဒီတော့ အနည်းဆုံး အင်တာနက်မှာ မိမိ IP Hide ပြီးသုံးနိုင်ပါလိမ့်မယ်။ ဒီတော့ VPN တွေသုံးချင်ရင် အောက်မှာ အကောင်းဆုံးလို့ဆိုထားတဲ့ free vpn service တွေကိုဖော်ပြလိုက်ပါတယ်။ စမ်းကြည့်ပေါ့ဗျာ။
HotSpot Shield Free က နာမည်ကြီး free vpn service တစ်ခုဖြစ်ပါတယ်။ free version မှာတော့ စိတ်မသက်စရာ ကြော်ငြာတွေတော့ရှိပါမယ်။ Security အတွက်တစ်ခုတည်းနဲ့တင် သုံးသင့်တဲ့ vpn တစ်ခုဖြစ်လေတော့ မဆိုးဘူးဆိုရမှာပါပဲ။ သူ support လုပ်တဲ့ platform တွေကတော့ စုံပါတယ်။ Windows, Mac, iOS, Android တွေကို support လုပ်ပါတယ်။
Private Tunnel ကိုအသုံးပြုပြီး ကျွန်တော်တို့အနေနဲ့ US, UK, Switzerland, Canada, နဲ့ Amsterdam က vpn server တွေကိုချိတ်ပြီး သုံးနိုင်မှာဖြစ်ပါတယ်။ ဒီကောင်ကလည်း
Windows, Mac, iOS, Android platform တွေကို support လုပ်ပေးပါတယ်။
 OkayFreedom VPN ကတော့ privacy ကိုဂရုစိုက်ပေးတဲ့ vpn site ဖြစ်တဲ့အတွက် အင်တာနက်သုံးတဲ့အချိန်မှာ လုံခြုံမှုကိုရရှိစေမှာပါ။ သူလည်း American, British, French, German, or Swiss ဆာဗာတွေကို ရွေးချယ်စရာရှိပါမယ်။ စိတ်မကောင်းစရာကတော့ တစ်လကို Banwidth limit 500 MB ကန့်သတ်ထားတာပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ အမြဲတမ်း vpn server ကို connect 
မလုပ်ဘူးဆိုရင် အဆင်ပြေပါတယ်။ ဒီကောင်ကတော့ Windows တစ်ခုတည်းကိုပဲ support လုပ်ပါတယ်။
CyberGhost ကတော့ နာမည်ကြီးပါ။ ကျွန်တော်ဒီကောင်အကြောင်းအရင်က ပို့စ်ဖူးပါတယ်။ သူကတော့ တစ်လကို Bandwidth Limit က 1950 GB တောင်ပေးတာဆိုတော့ တော်တော်လေး မိုက်တယ်
ဆိုရမှာပါ။ သူဆီမှာ ဆာဗာ 200 အပြင် location ပေါင်း 19 ခုကနေသုံးနိုင်မှာဖြစ်ပါတယ်။ သူလည်း Windows တစ်ခုတည်းကိုသာ support လုပ်ပါတယ်။
JustFreeVPN ကိုတော့ US, UK, နဲ့Canada, ဆာဗာတွေနဲ့အလုပ်လုပ်ပါတယ်။ အခြားရွေးစရာမရှိပါဘူး။ ဒါပေမယ့် သူက PPTP Protocol ကိုအသုံးပြုထားတဲ့အတွက် ဒေတာစီးဆင်းမှုတွေကို
encrypt လုပ်ပေးမှာဖြစ်ပါတယ်။ 
Free VPN တွေသုံးရတာမိုက်ပါတယ်။တကယ်လို့ သင်က privacy ကိုလိုချင်တယ်ဆိုရင်ပေါ့လေ။ သာမန်အသုံးပြုမယ့်သူတွေအနေနဲ့ မသုံးစေချင်ပါဘူး။ ဘာလို့လဲဆိုတော့
ကွန်နက်ရှင်က နည်းနည်းလေးသွားမှာကိုး။ သူများဆီမှာ မသိသာပေမယ့် ကိုယ်တွေဆီမှာက လိပ်ထက်တောင်နှေးသွားမှာလေ။ မဖြစ်မနေသုံးရမယ့် သူတွေအတွက်ကတော့ အပေါ်က vpn service
တွေက ကျေနပ်စရာကောင်းမှာပါ။ ကျွန်တော်ကတော့ CyberGhost, HotSpot Shield တွေကို Recommended ပေးပါတယ်။ အခြားဟာတွေက Configuration လုပ်ရတာ လက်ပေါက်ကပ်လို့ပါ။
ကျွန်တော်လည်း လေပေါ့တာများသွားပြီ။ ဒီလောက်ဆိုရင် ရပြီထင်ပါတယ်။ :D
Ref: makeuseof

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.