Posted by Jelly Kit | Posted in ဟာသများ | Posted on 5:36 PM
* Joke of the Day *
ရဲအရာရှိတစ်ယောက်...မိသားစုနဲ့အတူ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေခရီးထွက်မယ်လို့စီစဉ်ပြီးကာမှ ရုံးကအရေးပေါ်ကိစ္စတခုပေါ်လာလို့ ခေါ်ခိုင်းပါလေရောဒါနဲ့ မိန်းမနဲ့ ကလေးတွေကိုအရင်သွားခိုင်းလိုက်ရတယ်သူက တစ်ပတ်လောက်နေမှ နောက်ကလိုက်သွားရတာကမ်းခြေကဟိုတယ် ရောက်ရောဆိုပါတော့...မိန်းမနဲ့ မတွေ့ရတာလည်း တစ်ပတ်လောက်ကြာပြီဆိုတော့တွေ့တွေ့ခြင်း ချစ်တင်းနှောဖို့ ကြိုးစားတယ်မိန်းမက လက်မခံဘူး...ကလေးတွေ ရှိနေတာကိုးဒါနဲ့ ကမ်းခြေဖက်ထွက်လာပြီး လူရှင်းတဲ့နေရာမှာ ချစ်တင်းနှောကြတယ်...။အဲ... ကံဆိုးချင်တော့ ကမ်းခြေစောင့်ရဲက ဖမ်းပါလေရောဗျာ.... :)"ခင်ဗျားတို့ကို ဖမ်းတယ်၊ ဒဏ်ရိုက်မယ်""ဘာလို့လည်း""အများပြည်သူ နားနေရာနေရာမှာ မဖွယ်မရာလုပ်လို့"ဒီတော့ ရဲအရာရှိက သူ့ရဲ့ ရဲတံဆိပ်ကို ထုတ်ပြပြီး တောင်းပန်တယ်... .."မလုပ်ပါနဲ့ဗျာ၊ ကျနော်လည်း ရဲအရာရှိတစ်ယောက်ပါ"ကမ်းခြေစောင့်ရဲက သူ့တံဆိပ်ကို ယူကြည့်ပြီး ပြန်ပြောတယ်... ..."အေးလေ၊ ရဲအခြင်းခြင်းဖြစ်တာရယ်၊ တစ်ကြိမ်တစ်ခါ ကျူးလွန်တာရယ်ကြောင့် ခင်ဗျားကိုတော့လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ဒီမိန်းမကိုတော့ဖမ်းကိုဖမ်းရမယ်""ဘာဖြစ်လို့လဲဗျ""ဘယ့်နှယ့်ဗျာ... ဒီတပတ်ထဲတင် သူ့ကိုဖမ်းမိတာ သုံးခါရှိပြီလေ""ဂျာ..."
Share By Jelly Kit
Credit to ဟာသဗိမ္မာန်


Comments (0)
Post a Comment