Posted by Black Magic | Posted in Interview | Posted on 7:15 PM

နိုင်ငံတကာနဲ့ အဆင့်အတန်းမီအောင် ရိုက်နေတဲ့Anubis ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံခိုက်...။
ဒီကားထဲမှာ ရွှေမှုန်က အန်ကယ်လေးရဲ့ တစ်ဦးတည်းသော သမီးနေရာကနေ သရုပ်ဆောင် ထားတယ်။
သေချာစိတ်နှစ်ပြီး အ၀တ်အစားက အစ၊ အစစအရာရာ ပြင်ဆင်ထားပါတယ်။
ဒီကားထဲမှာ အ၀တ်အစားပိုင်းကို စီစဉ် ပေးတာက။
ရွှေမှုန့်ရဲ့ ဒီဇိုင်နာ ကိုမင်းသက်စံပဲ အကုန် လုပ်ပေးတာပါ။ ပထမကား “အောင်မြင်ကျော် ကြား စူးရှထက်မြက်”၊ ပြီးတော့ ဒီကားက ရုံ ကြီးကား ဒုတိယမြောက်ပေါ့။
ဒီကားကြီးပေါ်မှာ ရွှေမှုန့်ရဲ့ ရင်ခုန်မှုက။
ပထမကားလောက်တော့ Worry မရှိတော့ ဘူး။ Relax ဖြစ်သွားပါပြီ။ ဒီကားကို ရွှေမှုန် ရင်လည်းခုန်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေ အကုန်လုံး အားစိုက်ပြီး ကြိုးစားထားတဲ့အတွက် ပရိသတ်တွေ သဘောကျမယ် လို့လဲ မျှော်လင့် ပါတယ်။
ပညာရေးနဲ့ ပတ်သက်ပြီးတော့။
ရွှေမှုန် ဒီနှစ်ဆယ်တန်းဖြေရမယ်။ တစ်နေ ကုန်ကားရိုက်တယ်။ ညနေ(၆)နာရီကနေစပြီး ကျူရှင်တက်တယ်။ ကားရိုက်ဘက်လည်း အား မလျော့အောင် ပညာရေးဘက်ကိုလည်း မလစ် ဟင်းရအောင် အတတ်နိုင်ဆုံး ကြိုးစားနေပါ တယ်။
အလုပ်(၂)ခု လုပ်နေရတဲ့အတွက် စိတ်ဖိ စီးမှုတွေရော မဖြစ်ဘူးလား။
အဲလောက်ကြီးတော့ မဟုတ်ပါဘူး။ ပင်ပန်း ပေမယ့် ပင်ပန်းတယ်ဆိုပြီး ဘယ်တော့မှမတွေး ဘူး။
Fashion နဲ့ပတ်သက်ပြီး ဘယ်လိုစီစဉ် ဖြစ်လဲ။
ကာရိုက်တာနဲ့ လိုက်ဖက်တာပဲ ၀တ်တာ များတယ်။ Relax Style ကတော့ သပ်သပ် ပေါ့နော်။ Fashion ကိုတစ်ကားနဲ့တစ်ကား မတူအောင် ၀တ်တယ်။ အတတ်နိုင်ဆုံး ကွဲလွဲ အောင် ကြိုးစားပြင်ဆင်ဖြစ်တယ်။ ဒီကားထဲ မှာဆို ဃသူသကမ နဲ့ပတ်သက်ပြီး လိုင်းတစ်လိုင်း သီးသန့်ထားတယ်။ တစ်ကိုယ်လုံး All Black ဖြစ်နေရင်တောင် Accessories ပဲဖြစ်ဖြစ်၊ ပိုက်ဆံအိတ်လေးပဲဖြစ်ဖြစ်၊ ဖုန်းလေးပဲဖြစ်ဖြစ် ပန်းရောင်သုံးထားတယ်။ အဓိက Main က ပန်းရောင်ပါစေချင်တာပေါ့။
ရွှေမှုန် Crazy အဖြစ်ဆုံး Colour က။
အနီနဲ့ အနက်။
ဒီဇာတ်ကိုရတဲ့အချိန် ကိုယ်ပါဝင်သရုပ် ဆောင်ရမယ်ဆိုတော့ ခံစားရတဲ့ ခံစားမှုက။
လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကတည်း က ရွှေမှုန်ဇာတ်ညွှန်းရ ထားတာပါ။ အလွတ်နီး ပါးရအောင်လည်း ခဏခဏဖတ်တယ်။ ဇာတ် ထဲမှာ ရွှေမှုန်အရမ်းကို စိတ်နှစ်ထားပါတယ်။ ကားတိုင်းမှာ ရွှေမှုန့်ကိုပေး တဲ့တာဝန်ကျေအောင် ထမ်းဆောင်တယ်။ ပရိသတ်ကြီး စိတ်မပျက်အောင် ရွှေမှုန်ကြိုးစားနေပါတယ်။ ပရိသတ် တွေ လက်ခံအားပေးလို့ ဒီနေရာရောက်လာရ တဲ့အတွက် အမြဲတမ်းလည်း ကြိုးစားသွားမှာပါ လို့။
လေချိုသွေး
ဓာတ်ပုံ - ဉာဏ( Professional Eye)
M Plaza Shopping Journal (Vol 1, No 16 )
Comments (0)
Post a Comment