https:// ပါတဲ့ website တွေ ဖွင့်မရရင်

Posted by Black Magic | Posted in | Posted on 8:38 PM


ကျွန်တော်တို့ Web Address တွေကို ဖွင့်ကြတဲ့အခါ http:// တွေက အများဆုံးတွေ့ရမှာဖြစ်ပြီး https:// ကိုတော့ လုံခြုံရေးအထူးအဆင့်မြင့် Site တွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်.. ဥပမာအားဖြင့် Gmail ကိုဖွင့်ရင် https://mail.google.com လို့ တွေ့ရမှာဖြစ်ပါတယ်.. ဒီလို လုံခြုံရေးသတ်မှတ်ထားတာကို SSL (Secure Sockets Layer) စနစ်သုံးထားတယ်လို့ ခေါ်ပါတယ်.. ဒီလို Site မျိုးကို တစ်ချို့ ဖွင့်မရတဲ့ ပြဿနာ တွေ့ရတတ်ပါတယ်.. ဒီပြဿနာ ကြုံလို့ မေးထားတဲ့သူလည်း ရှိပါတယ်.. ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း အချို့ကို ဖေါ်ပြပေးလိုက်ပါတယ်..

Mozilla Firefox
1. Mozilla Firefox ရဲ့ Address Bar မှာ about:config လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ.. "This might void your warranty!" ဆိုပြီး ဘောက်တစ်ခု ကျလာပါမယ်.. မကြောက်ပါနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Firefox အတွက် Warranty ဆိုတာ ကြားတောင် မကြားဖူးပါဘူး.. I'll be careful, I promise ! ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ..


2. ကျလာတဲ့ဘောက်ထဲက search Box ထဲမှာ security.enable ဆိုတာကိုနှိပ်လိုက်ပါ.. စာကြောင်း (၂)ကြောင်း ပေါ်လာပါမယ်.. အဲဒီ စာကြောင်းတွေရဲ့ ညာဘက်မှာ True , False တစ်ခုခု ပေါ်နေပါတယ်.. စာတစ်ကြောင်းချင်းကို Double Click ခေါက်ပြီး True ဆိုရင် False ဖြစ်အောင်၊ False ဆိုရင် true ဖြစ်အောင် လုပ်ပေးလိုက်ပါ..


3. Mozilla Firefox ရဲ့ Menu bar ပေါ်က Tools>Option ကိုနှိပ်ပါ.. ကျလာတဲ့ဘောက်ရဲ့ ပေါ်တန်းမှာ Privacy ကိုနှိပ်. ပြီးရင် clear your recent history နဲ့ remove individual cookies နှစ်ခုလုံးကို နှိပ်ပြီး History နဲ့ Cookies တွေကို ရှင်းလိုက်ပါ..
4. Browser ကို ပိတ်ပြီးမှ ပြန်ဖွင့်ပါ.. 

Internet Explorer
1. Menu Bar ထဲက Tools> Internet Option ကိုနှိပ်ပါ..
2. ကျလာတဲ့ Option Box မှာ အပေါ်တန်းက Security ကိုနှိပ်ပါ.. အထဲမှာ အမှန်ခြစ် အမှတ်အသား အစိမ်းရောင်နဲ့ Trusted sites ကိုနှိပ်ပါ.. အောက်နားမှာ Reset all zones to default level ကိုနှိပ်ပြီး Apply ကိုနှိပ်ပါ..

3. Content ဆိုတာကိုနှိပ်. ပြီးရင် အထဲမှာ Clear SSL state ကိုနှိပ်လိုက်ပါ.. The SSL cache was successfully cleared. ဆိုတာပေါ်လာပါမယ်.. OK နှိပ်လိုက်ပါ..

4 . ပြီးရင် အပေါ်တန်းမှာ Advanced ကိုနှိပ်ပါ.. အထဲမှာ Use SSL 2.0 နဲ့ Use SSL 3.0 နှစ်ခုလုံးကို အမှန်ခြစ်လိုက်ပြီး OK ကိုနှိပ်ပါ..

4. တကယ်လို့ အဲဒါနဲ့ အဆင်မပြေရင် Restore advanced settings ကိုပဲဖြစ်ဖြစ် Reset ကိုပဲဖြစ်ဖြစ် နှိပ်ပြီး Apply ကိုနှိပ်လိုက်ပါ.. OK ကိုနှိပ်ပါ..

5. Browser ကိုပိတ်ပြီး ပြန်ဖွင့်ပါ..

ဒါဆိုရင်တော့ SSL Security သုံးထားတဲ့ https:// လိပ်စာတွေကို ဖွင့်လို့ရပြီလို့ထင်ပါတယ်..

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.