6:43 PM
Harris Nyi
iOS 7 တင်ဖို့ကို ဇဝေဇဝါဖြစ်နေတဲ့ မိတ်ဆွေများကို ကျွန်တော်ရဲ့
အရင်ဆောင်ပါးမှာ သုံးသပ်ပြခဲ့ပြီးပါပြီ။ ကျွန်တော် ကိုယ်တိုင်ကတော့ iOS 7
ကိုစမ်းသုံးကြည့်ချင်တာကြောင့် iPhone 4S ကို update လုပ်လိုက်ပါတယ်။ Update
လုပ်ပြီးတဲ့ အချိန်မှာ ပထမဦးဆုံး ခံစားမိတာကတော့ iPhone အသစ်တစ်လုံး
ရလိုက်သလိုပါပဲ။ကျနော်ကိုယ်တိုင်လည်း iOS 7 ရဲ့ design နဲ့ features တွေကြိုက်ပါတယ်။
Home screen
ရဲ့ UI design ကွဲပြားမှုက နဲနဲတော့ သူစိမ်းဆန်သွားတယ်၊ Home screen
မှာရှိတဲ့ Dock က flat design ဖြစ်လို့ ပိုကြီးလာတယ်လို့ ခံစားမိတယ်။
အပြောင်းအလဲကို လက်ခံနိုင်ဖို့ App icon တွေနဲ့ ပြန်ရင်းနှီးဖို့
အာရုံခဏစိုက်လိုက်ရပါတယ်။
သဘောကျမိတာကတော "Control Center" ပါ၊ Jailbreak သမားတွေ နှစ်ခြိုက်စွာ
သုံးလေ့ရှိတဲ့ SBsetting, NCsetting လိုမျိုး Application ထဲမှာ ဖြစ်ဖြစ်
Home screen, Lock screen တွေမှာတောင် အောက်ဖက်ကနေ အပေါ်ဖက်ကို swipe
လုပ်လိုက်တာနဲ့ ပေါ်လာပါတယ်။ (Tweaks လောက်တော့ setting မစုံလှပါဘူး)
ဘာပဲဖြစ်ဖြစ် Settings ထဲကိုတော့ ပြန်သွားနေစရာ မလိုတော့ဘူးလေ။ Jailbreak
မှာ သုံးနေကျဖြစ်လို့ သဘောကျနေမိပါတယ်။
"Multitasking" မှာ အရင် iOS တွေတုန်းကလို long press ဖိထားပြီး
လိုက်ပိတ်စရာ မလိုတော့ပဲ ပိတ်ချင်တဲ့ App ကို လက်နဲ့ အပေါ်ကို swipe up
လုပ်လိုက်တာနဲ့ ပိတ်သွားလို့ ပိုလွယ်ကူစေပါတယ်။
Home screen ရဲ့ နေရာလွတ်မှာ လက်တစ်ချောင်းနဲ့ swipe down လုပ်ရုံနဲ့ Spotlight search ကို သုံးလို့ရပါပြီ။
"Safari" browser မှာ search နှင့် URL (website address) bar ကို
နှစ်ပိုင်းမခွဲတော့ပဲ တစ်နေရာထဲမှာ ရှာချင်သော စာလုံးကို စတင်
ရိုက်လိုက်သည်နှင့် suggestion အနေနဲ့ အပိုင်းလိုက် ဖော်ပြပေးပါတယ်။
အခု ကျွန်တော် ဖော်ပြခဲ့တာတွေ ကတော့ iOS 7 ကို iPad မှာ ရရှိလာတဲ့
အခြေအနေဖြစ်ပါတယ်။ အခုမှ စသုံးနေတာဖြစ်လို့ အများကြီး မပြာနိုင်သေးပေမယ့်
အကယ်၍ မြန်မာစာ ရေးမရ ဖတ်မရတာကြောင့်သာ မဟုတ်ခဲ့ရင် Jailbreak
လုပ်ချင်စရာတောင် မရှိပါဘူး။ လောလောဆယ် မြန်မာစာ ရေးနိုင် မြင်နိုင်ဖို့ အတွက် "Mogok" ကို အသုံးပြုနေပါတယ်။
iDevice ဟာ jailbreak မလုပ်ရင် စွမ်းဆောင်ရည်အပြည့်
လုပ်ဆောင်ပေးနိုင်တာကြောင့် iOS 7 ကို Jailbreak မလုပ်ပဲအကောင်းဆုံးသုံးနိုင်မယ့် နည်းလမ်းများကိုအောက်ကလင့်မှာသွားကြည့်နိုင်ပါတယ်
Comments (0)
Post a Comment