A Better Camera For Android (Include Galaxy S4 Features) [6.2 MB]
Posted by Black Magic | Posted in | Posted on 9:18 PM
clip_image002
သင့် Android Phone မှာ နဂိုပါတဲ့ Stock Camera ထက်ကောင်းပြီး Feature တွေပိုမိုပါရှိတဲ့ Third-Party
Camera Apps တွေများစွာရှိပါတယ်။ A Better Camera ဆိုတဲ့ Camera App အသစ်က
Galaxy S4 မှာပါတဲ့ 
Camera Modes တွေတော်တော်များများပါရှိတာတွေ့ ရပါတယ်။ HDR, Panorama, Group
Shot, SequenceShot စတဲ့အဓိက Mode တွေပါရှိပါတယ်။
Tutorial screen ကိုပြပေးမှာဖြစ်ပါတယ်။ပြီးရင်တော့ main interface ကိုရောက်သွားမှာဖြစ်ပြီး 
Auto-focus , flashlight , camera shooting modes , gallery launcher , အရှေ့
နဲ့ အနောက် ကင်မရာ တွေကို ပြောင်းနိုင်တဲ့ button,ဓါတ်ပုံရိုက်တဲ့ button စတာတွေကို တွေ့ ရမှာပါ။
အဲဒီ controls button တွေကို စနစ်တကျ စီထာပေးပြီး အလွယ်တကူအသုံးပြုနိုင်ပါတယ်။
ဓါတ်ပုံ ရိုက်ဖို့ အတွက် ရိုးရိုး ကင်မရာ ကအတိုင်းပဲ shooter button ကိုနှိပ်ပါ။ 
Mode တွေပြောင်းဖို အတွက်  S button ကိုနှိပ်ရမှာပါ။
clip_image003
A Better Camera မှာ shooting modes (၁၂) မျိုးလောက်ပါရှိပါတယ်။ တစ်ချို့  တွေက Galaxy S4
 ကင်မရာမှာပါတာတွေဖြစ်ပါတယ်။ Burst , Night , Object , Panorama, Self-Timer, HDR , Preshot
 ,Sequence , Single Shot, Expo , Video and Group Shot စတာတွေပါပါတယ်။ Object mode 
ကစိတ်ဝင်စားစရာကောင်းပြီး ရိုက်လိုက်တဲ့ ပုံက မလိုအပ်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ 
Dynamic mode ကလည်း လှုပ်ရှားနေတဲ့ ပုံရိုပ်တွေကို အဆက်မပြတ် ဖမ်းယူပေးနိုင်ပါတယ်။
clip_image005
Group shot mode ကလည်း သူငယ်ချင်းတွေစုရိုက်တဲ့အခါမှာ အကောင်းဆုံး ပုံရရှိဖို့ 
 ပုံတွေဆက်တိုက်ဖမ်းယူပေးနိုင်ပြီး ပုံအားလုံးကို ပေါင်းပြီး အကောင်းဆုံး
 ပုံတစ်ခုကို ပေါင်းစပ်ဖန်တီးပေးပါလိမ့်မယ်။ Panorama mode ကတော့ portrait mode
 နဲ့ ပဲရိုက်လို့ ရမှာဖြစ်ပြီး 
ဖုန်းကိုဒေါင်လိုက်ထောင်ရိုက်ရမှာပါ။ ကင်မရာနဲ့ မဆန့် တဲ့ မြင်ကွင်းကို အပြည့်လိုချင်တဲ့အခါမှာ 
 ဆက်ပေးနိုင်တဲ့အတွက် လိုချင်တဲ့ မြင်ကွင်းကို အပြည့်အ၀ ရိုက်နိုင်ပါတယ်။
clip_image006
Settings ထဲမှာတော့ customize လုပ်နိုင်တဲ့ options တွေအများကြီးရှိပြီး General , Viewfinder Settings ထဲမှာ 
 shooter sound ကို ပိတ်ပေးဖို့ ၊ ပုံအရွယ်အစားကို ပြောင်းဖို့  စတာတွေလုပ်နိုင်ပါတယ်။
clip_image007
A Better Camera က သင့် Android Phone မှာပါတဲ့ Stock Camera App ထက်ပိုကောင်းတဲ့ 
Features တွေပါရှိတဲ့အတွက် မြည်းစမ်းအသုံးပြုကြည့်စေချင်ပါတယ်။
Download A Better Camera from Play Store or Dropbox
Comments (0)
လိုချင်တာရှိရင်အော်ခဲ့နော် !
Don't Forget to Like & Follow
Daily Email Updates
Subscribe to Get Latest Updates Free
Check IP
IP
ask4linksask4pc
ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?
ယနေ့ငွေလဲနှုန်း
DMCA.com Protection
Powered By:
Black Magic © 2013 - All Rights Reserved.