Posted by Black Magic | Posted in Android Applications | Posted on 2:27 PM

Android Phone မှာနေရာလွတ်တွေ နည်းလာတာဟာ သင့်ဖုန်းရဲ့ Performance,Speed ကိုကျစေပါတယ်။အဲဒီအတွက်မလိုအပ်တဲ့ App တွေကို Uninstall လုပ်သင့်သလို မလိုအပ်တဲ့ဖိုင်တွေကိုလည်း ရှင်းပစ်သင့်ပါတယ်။
ဒီလိုရှင်းဖို့ အတွက် အကောင်းဆုံး App တစ်ခုကတော့ DiskUsage ပါ။DiskUsage ကိုအသုံးပြုရင် ကိုယ့်ဖုန်းမှာနေရာအများဆုံးယူထားတဲ့ Folder တွေ File တွေကို လွယ်လွယ်ကူကူရှာနိုင်ပါတယ်....၊
သုံးချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းနိုင်ပါတယ်...၊ Play Store မှာလည်းသွားလေ့လာနိုင်ပြီး အသုံးပြုနည်းကိုတော့ အောက်မှာပုံလေးတွေနဲ့ပြထားပါတယ်...၊
Download Here !!
DiskUsage ကို စစဖွင့်ချင်းမှာ Scan လုပ်ဖို့  Storage Destination ကို ရွေးပေးရပါမယ်။ Scan လုပ်တဲ့အချိန်ဟာစက္ကန့် ပိုင်းပဲကြာမြင့်ပါတယ်။

ပြီးရင်တော့ သင့်ဖုန်းမှာနေရာယူထားတဲ့ဒေတာတွေကို ဖိုင်ဆိုက်အများဆုံးကနေစီပြီး ပြပေးမယ့် Visual Report ကျလာပါလိမ့်မယ်။
အောက်ကပုံကိုကြည့်ရင် သင့်ဖုန်းမှာဘယ်အရာတွေက နေရာဘယ်လောက်ယူထားလဲဆိုတာ
သေချာသိပါပြီ။

Application တစ်ခုဒါမှမဟုတ် ကဏ္ဍ တစ်ခု ကိုရွေးချယ်လိုက်ရင် ပိုပြီးအသေးစိတ်ပြပေးမှာဖြစ်ပါတယ်။

App ရဲ့ Data တွေကိုရှင်းဖို့ ၊ Cache တွေကိုရှင်းဖို့ နဲ့  Uninstall လုပ်ဖို့ အတွက်ညာဘက် အပေါ်ထောင့် မှာရှိတဲ့ Show button ကိုနှိပ်ပါ။ဒါဆိုရင် App info screen ကိုရောက်သွားပြီး မလိုအပ်တာတွေကို ရှင်းနိုင်ပါပြီ။

Windows အတွက်လည်း ဒီလို File Size ကြီးတဲ့ Folder တွေ File တွေကို လွယ်လွယ်ကူကူရှာပြီး ရှင်းနိုင်တဲ့ WizTree ဆိုတဲ့ Freeware ကိုအသုံးပြုပြီး နေရာလွတ်တွေ ရရှိအောင်ပြုလုပ်နိုင်ပါတယ်။
Comments (0)
Post a Comment