နယူးဇီလန်-အာဆီယံ ပညာသင်ဆု အစီအစဉ်

Posted by Black Magic | Posted in | Posted on 12:45 PM

နယူးဇီလန်-အာဆီယံ ပညာသင်ဆုအစီအစဉ်ကို မြန်မာနိုင်ငံမှ ကျောင်းသားများ လျှောက်ထားနိုင်ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို လျှောက်ထားနိုင်ရန် လျှောက်ထားသူသည် မြန်မာနိုင်ငံသားများ အပါအ၀င် အာဆီယံနိုင်ငံတစ်ခုခုမှ ဖြစ်ရမည်ဖြစ်ကြောင်း၊ နယူးဇီလန်နိုင်ငံသားနှင့် ယင်းနိုင်ငံသူ နိုင်ငံသားများနှင့် အိမ်ထောင်ကျနေသူများ လျှောက်ထားရန် မလိုအပ်ကြောင်း သတင်းရရှိပါသည်။

မြန်မာကျောင်းသားများအနေဖြင့် IELTS ရမှတ် ၅.၅ ရရှိထားသူများနှင့် အသက် ၄၀ နှစ်အောက် ကျောင်းသားများ မည်သူမဆို လျှောက်
ထားနိုင်ကြောင်း သိရသည်။ ပညာသင်ဆု လျှောက်ထားသူများသည် နယူးဇီလန်နိုင်ငံတွင် ပညာ သင်ကြားနိုင်မည်ဖြစ်ပြီး ကျူရှင်စရိတ်၊ နေထိုင်စား သောက်စရိတ်နှင့် နယူးဇီလန်မှ မိခင်နိုင်ငံသို့ အသွားအပြန် စရိတ်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်းနှင့် ပညာ သင်ကြားချိန်အတွင်း အလုပ် လုပ်ကိုင်နိုင်ရန် ဗီဇာခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းပညာသင်ဆု အစီအစဉ်ကို မြန်မာအပါအ၀င် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ လည်း ပါဝင်လျှောက် ထားနိုင်ကြောင်းနှင့် နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုန်သွယ်မှုက စီစဉ် ဆောင်ရွက်ကြောင်း သိရသည်။ ပညာသင်ဆုလျှောက်ထားနိုင်ရန်အတွက် အသေးစိတ်အစီအစဉ်များကို သိရှိလိုပါက

http://www.aid.govt.nz/funding-and-contracts/scholarships/types-scholarship/new-zealand-asean-scholar-awards တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်။

ဖေါင်များကို ဒေါင်းလုတ်ယူရန်အတွက် http://www.aid.govt.nz/webfm_send/222

2014 ခုနှစ်အတွက် ပညာတော်သင်ဆုများကို ခေါ်ယူနေပြီဖြစ်သည်။ ပညာတော်သင်ကာလ ပြီးဆုံးပြီးနောက် ၁၄ ရက်အတွင်း တိုင်းပြည်သို့ ပြန်ရမည်ဖြစ်သည်။

မောက္ခပညာရေးမဂ္ဂဇင်း

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.