Posted by Black Magic | Posted in Android Games | Posted on 1:00 AM

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းကို မိုဘိုင်းလ် ဂိမ်းအဖြစ် ဖန်တီးထားသည့် ဆီးဂိမ်းခြင်းလုံးကို အခမဲ့ ရယူကစားနိုင်ပြီဖြစ်သည်။
၎င်းဂိမ်းကို ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ဖန်တီးခြင်းဖြစ်ပြီး ပြည်တွင်းထိပ်တန်း ဂိမ်းကုမ္ပဏီ Total Gameplay Studio နှင့် Software အသစ်များထုတ်လုပ်သည့် Zwenexsys ကုမ္ပဏီတို့ ပူးပေါင်းတီထွင် ထားခြင်းဖြစ်သည်။
အဆိုပါ
ဂိမ်းတွင် ဇာတ်လိုက်များကို ဆီးဂိမ်းအထိမ်းအမှတ် Mascot အရုပ်များဖြင့်
ဖန်တီးထားပြီး ဂိမ်းအဆင့်ပေါင်း ၅၀၀ ကျော်ကစားနိုင် မည်ဖြစ်သည်။
ဆီးဂိမ်းခြင်းလုံးဂိမ်းမှာ မြန်မာနိုင်ငံအားကစားဝန်ကြီးဌာန မှ အသိအမှတ်ပြုထားပြီး IOS များတွင် ကစားနိုင်ရန် အတွက် Mobile App ကို နိုဝင်ဘာ လဆန်းတွင် ဖြန့်ချိသွားမည်ဟု သိရသည်။
၎င်းဂိမ်းကို Google Play Store ၊ http://totalgameplaystudio.com/chinlone နှင့် http://zwenex.com/chinlone တို့တွင် အခမဲ့ရယူနိုင်သည်။

OnE cLiCk DoWnlOad

>>>>>>>Download Here<<<<<<<<
ဆွဲရတာအဆင်မပြေဘူးကြားလို့ Link အသစ်ထည့်ပေးလိုက်ပါတယ်...၊ Online လည်း ကစားလို့ ရတယ် Offline လည်းကစားလို့ရတယ် နိုင်ငံခြားမှာရှိနေတဲ့ ဘော်ဒါ တွေအတွက် ပိုအဆင်ပြေမယ်လို့ ကျနော်ထင်တယ်
ဘာလို့လည်းဆိုတော့ ဒီဂီမ်းလေးရှိနေရုံနဲ့ မြန်မာပြည်မှာ SeaGame ပွဲ
စပြီဆိုရင် live ကြည်နိုင်ပါတယ်အဆင်ပြေပါစေဗျာ..၊

Comments (0)
Post a Comment