Posted by Black Magic | Posted in နည်းလမ်းများ | Posted on 12:56 PM
သင့်ကွန်ပြူတာ
Boot မတက်တော့ဘူးလား? Windows ပြဿနာဖြစ်နိုင်သလို Hardware
ပြဿနာလည်းဖြစ်နိုင်ပါတယ်။ကွန်ပြူတာက အရေးကြီးတဲ့ဖိုင်တွေကို ရယူချင်လား?
ဒီနည်းလမ်းတွေကိုသုံးကြည့်ပါ။
သင့်ဖိုင်တွေကို
သေချာပေါက်ပြန်ရမယ်လို့ တော့ ဒီနည်းတွေက အာမမခံနိုင်ပါဘူး။ Hard Drive
ရဲ့ ပြဿနာဆိုရင်တော့ ဖိုင်တွေကို ပြန်ရှာလို့ မရနိုင်ပါဘူး။ Professional
Data Recovery Service တွေကတော့ ပျက်နေတဲ့ Hard Drive
ကဖိုင်တွေကိုပြန်ရှာပေးနိုင်တယ်လို့ ဆိုပါတယ်။
Windows Installation Disc ကနေ Boot တက်ပြီးဖိုင်တွေကို ရယူပါ။
သင့်ကွန်ပြူတာ
ရဲ့ Hardware ပိုင်းပြဿနာကြောင့် Boot မတက်တော့တာဆိုရင်တော့
ဒီနည်းကအဆင်ပြေမှာမဟုတ်ပါဘူး။ Windows ပြဿနာကြောင့် Boot
မတက်တာဆိုရင်ဒီနည်းနဲ့ အဆင်ပြေမှာပါ။
Windows
အခွေရှိတဲ့သူတွေ ကတော့ Drive ထဲ အခွေထည့်ပြီး Drive ကနေ Boot တက်ပါ။ Boot
တက်လို့ ရတယ်ဆိုရင် Hardware ပိုင်းပြဿနာကြောင့်မဟုတ်ဘဲ
ဝင်းဒိုးကြောင့်ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်။ အခွေမရှိဘဲ ISO
ဖိုင်ပဲရှိတဲ့သူတွေကတော့ CD/DVD မှာ Burn ဒါမှမဟုတ် USB Stick ရှိရင် Bootable USB ပြုလုပ်ပါ။
CD/DVD or USB ကနေ Boot တက်ပြီး Windows Installation Wizard ကနေ Repair
your computer ကိုနှိပ်ပါ။ပြီးရင် Command Prompt ကနေ သင့်ရဲ့ ဖိုင်တွေကို
ပြန်ရယူနိုင်ပါတယ်။ဒီအကြောင်းကို အသေးစိတ်ရေးပေးထားတဲ့ ဆောင်းပါး မှာဖတ်ပါ။ Windows CD/DVD မရှိတဲ့သူတွေအတွက် Linux Live CD ကိုသုံးနိုင်ပါတယ်။
ဒီနည်းက သင့်ကွန်ပြူတာရဲ့  Hard Drive ပျက်ဆီးနေတဲ့ အခြေအနေမှာတောင် ဖိုင်တွေ ပြန်ရယူကောင်းရယူနိုင်ပါတယ်။
Hard Drive ကိုဖြုတ် တစ်ခြား ကွန်ပြူတာမှာ တပ်ဆင် ပြီးဖိုင်တွေကိုရှာပါ။
Windows
CD/DVD or USB Stick ကနေ Boot တက်လို့ မရရင်တော့ Hardware
ပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။ Motherboard,CPU,Memory,Video Card , Power
Supply စတဲ့ တစ်ခြားသောအစိတ်အပိုင်းတွေ ကြောင့် ဆိုရင် သင့် Hard Drive
ကကောင်းမွန်ပြီးဖိုင်တွေကိုပြန်ရှာနိုင်လို့ ရပါသေးတယ်။ Hard Drive
ကိုကွန်ပြူတာကထုတ်ပြီးတစ်ခြားကွန်ပြူတာမှာတပ်ဆင်ပြီး ဖိုင်တွေကိုပြန်ရှာပါ။
ကွန်ပြူတာကနေ
အားသွင်းတဲ့ကြိုးကိုဖြုတ်ပါ။ ကွန်ပြူတာရဲ့ Case ကိုဖြုတ်ပြီး Hard Drive
ကိုရှာပါ။ Cable ကို ဖြုတ်ပြီး Screws တွေကိုဖြုတ်ပါ။ ဒါဆိုရင်တော့ Hard
Drive ကိုရရှိပါပြီ။
Hard
Drive ကို တစ်ခြား ကွန်ပြူတာက External Drive Bay မှာတပ်ဆင်ပါ။ သင့် Hard
Drive က Laptop ကဆိုရင်တော့ Desktop မှာတပ်ဆင်ဖို့  Design လုပ်ထားတဲ့
Drive Bay တွေကိုဝယ်ယူအသုံးပြုနိုင်ပါတယ်။ပြီးရင်တော့ ကွန်ပြူတာကို Power
ဖွင့်ပြီး သူ့ ရဲ့ နဂို OS ကနေ Boot တက်ပါ။ ပြီးရင် သင့် Hard Drive
ကဖိုင်တွေကိုပြန်ရယူနိုင်ပါပြီ။
ဒီနည်းက Cases
တွေ ပါရှိတဲ့ Desktop Computers တွေမှာတော့ လွယ်ကူပေမယ့် Laptops
တွေမှာတော့ အနည်းငယ်ခက်ခဲပါတယ်။အထူးသဖြင့် Laptop အတွင်းပိုင်းကိုဖွင့်ဖို့ 
Design လုပ်ထားတာမဟုတ်တဲ့ Closed Laptops တွေမှာဆိုပိုခက်ခဲပါတယ်။တကယ်လို့ 
Hard Drive ကိုဖြုတ်တာ၊ တပ်ဆင်တာမလုပ်တတ်ရင် Manufacturer Web Site
ဒါမှမဟုတ် အင်တာနက် မှာ သတင်းအချက်အလက်တွေ ရှာဖွေလို့ ရနိုင်ပါတယ်။တကယ်လို
့သင့်ဖိုင်တွေ ဟာ အလွန်အရေးကြီးတဲ့ဖိုင်တွေဆိုရင်တော့ Computer Services
Center ကို သွားပြီးဖိုင်တွေကို ပြန်ရယူနိုင်ပါတယ်။
ဒီလို အနေအထားမျိုးမရောက်အောင် သင့်ရဲ့ အဖိုးတန်ဖိုင်တွေကို အမြဲတမ်း Backup လုပ်ထားဖို့ အကြံပေးလိုက်ပါတယ်။


Comments (0)
Post a Comment