Posted by Black Magic | Posted in Fonts , နည်းလမ်းများ | Posted on 11:23 PM
Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်တဲ့ပြဿနာကို ခဏခဏ မေးနေကြလို့ လက်တွေ့ကိုယ်တိုင် ကိုယ်ကျ လုပ်တတ်အောင် Video လေးနဲ့ ရှင်းပြပေးလိုက်ပါတယ်..။ Video ထဲက ကျနော် သုံးထားတာကတော့ Firefox ကထုတ်တဲ့ Nightly Browser ပါ... နာမည်သာကွဲပြီး Mozilla Firefox နဲ့ အတူတူပါပဲ... စမ်းသုံးကြည့်တော့ ရိုးရိုး Firefox ထက် အဆင်ပြေတာတွေ့လို့ သုံးကြည့်နေတာပါ... တကယ်လို့Nightly Browser ကို စမ်းသုံးချင်ရင် ဒီနေရာမှာ မိမိ စက်နဲ့ ကိုက်ညီတာရွေးပြီး အခမဲ့ဒေါင်းယူနိုင်ပါတယ်....
(နောက်ထပ် Firefox Browser တစ်မျိုးရှိပါသေးတယ်... Aurora ပါ ... စမ်းသုံးချင်ရင် ဒီနေရာမှာ သွားကြည့်လိုက်ပါ..)
ကွန်ပျူတာမှာ မြန်မာစာတွေ ရေး/ဖတ် နိုင်ဖို့ Zawgyi Font လုံးဝ မရှိသေးဘူးဆိုရင် ဒီနေရာမှာ Window 32bit အတွက် ဒေါင်းယူ Install ပေးပါ 64bit အတွက်ကိုလည်း ဒီ 32bit ကို အရင် Install ပေးရမှာပါ...Window 32bit အတွက်ဆိုရင် ဒီအဆင့်မှာတင် မြန်မာစာတွေ ရေး/ဖတ် နိုင်ပါပြီ.... တကယ်လို့ ရေး/ဖတ် မရသေးဘူးဆိုရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ Window ပြန်တတ်လာရင် ရေး/ဖတ် လို့ရနိုင်ပါပြီ...။
Window 64bit အတွက်ကိုတော့ နောက်ထပ် ထပ်ထည့်ပေးရဦးမှာပါ... Zawgyi Font For 64bit အတွက်ကိုဒီနေရာမှာ ဒေါင်းယူပါ... Zawgyi Font For 32bit.EXE ကို အရင် Install လိုက်ပါ .. ပြီးရင် Zawgyi Font For 64bit Folder ကိုဖွင့်ပါ 64bit အတွက် Double Click နဲ့ Run ပေးလိုက်ပါ.exe ဆိုတဲ့ ဖိုင်လ်လေးကို Right Click > run as administrator နဲ့ Run ပေးလိုက်ပါ..။ မြန်မာလို ရေး/ဖတ် မရသေးရင် စက်ကို Restart ချပေးလိုက်ပါ...။
မြန်မာ Font နဲ့ ပါတ်သက်ပြီး အားလုံးအဆင်ပြေစေဖို့ ဒီဆိုက်ဒ် ရဲ့ ညာဘက်မှာတင်ပေးထားပါတယ် သတိမထားမိကြလို့ပါ... အောက်ကပုံလေးတွေကို နှိပ်ပြီး ဒေါင်းယူရုံပါပဲ.... 32 Bit ရော 64 Bit အတွက်ပါရှိပါတယ်...၊ ... Myanmar Unicode အတွက်ကဒီမှာပါ....။

Mozilla Firefox Web Browser မှာ မြန်မာ Font မပေါ်ရင် အောက်က Video လေးအတိုင်း Setting တွေကို ချိန်းပေးနိုင်ပါတယ်...
Comments (0)
Post a Comment