Posted by Black Magic | Posted in Ways For iOS | Posted on 3:28 PM
Apple ရဲ့ iDevice အသုံးပြုသူများ အတွက် Apple ID ဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။
Applications တွေကို ရယူတာပဲဖြစ်ဖြစ် iOS update လုပ်တာပဲဖြစ်ဖြစ် Apple iDevice တွေနဲ့
ပက်သက်လာရင် ရှိကိုရှိထားရမယ့် အရာတစ်ခု ဖြစ်ပါတယ်။
Apple ID တစ်ခု ဘယ်လိုဖွင့်ရမလဲဆိုတာ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။
သို့သော် မိမိ၏ Apple ID နှင့် Password ကို မေ့သွားတဲ့ အခါမှာ အလွယ်ကူဆုံးနည်းနှင့် ပြန်လည်
ရယူပေးနိုင်မယ့် "Rescue Mail" အကြောင်းကို အသိပေးထားခဲ့ပေမယ့် အသေးစိတ် မဖော်ပြပေးခဲ့မိပါဘူး။
ဒါကြောင့် "Rescue Mail" ရဲ့ အသုံးဝင်မှုနှင့် "Rescue Mail" ကို မိမိ၏ Apple ID မှာ ဘယ်လို
ထည့်သွင်းရမလဲ ဆိုတာကို တင်ပြလိုက်ပါတယ်။
Apple ID နှင့် Password ကို မေ့သွားလို့ Reset ပြန်ချတဲ့အခါမှာ Security Questions တွေကို
မှန်အောင် ဖြေဖို့ဆိုတာ အနည်းငယ် အခက်တွေ့နိုင်ပါလိမ့်မယ်။ ဒီအခါမှာ "Email authentication"
option ကိုသုံးပြီး Reset ချရတာက ပိုပြီးတော့ လွယ်ကူပါတယ်။
"Rescue Mail" ဆိုသည်မှာ မိမိ၏ Apple ID (သို့) Password ကို မေ့သွားတဲ့ အခါမှာ
အလွယ်တစ်ကူပြန်လည် ရယူနိုင်စေဖို့ ရည်ရွယ်ထားတဲ့ (Apple ID အတွက် သုံးထားသော mail account
မဟုတ်ပဲ) မိမိရဲ့ အခြား email account တစ်ခုဖြစ်ပါတယ်။
ထို့ကြောင့် Apple ID တစ်ခု ဖွင့်လှစ်ပါက Email account နှစ်ခု လိုအပ်မည်ဟု ဖော်ပြခဲ့ပါတယ်။
"Rescue Mail" ကို Apple ID စဖွင့်သော အချိန်တွင် Optional အနေနှင့် အောက်ပါအတိုင်း
ထည့်သွင်းခွင့်ပေးထားခဲ့ပါတယ်။ အချို့လည်း ထည့်သွင်းပေးခဲ့ပြီး ဖြစ်ပါလိမ့်မယ်..
ထည့်သွင်းလိုက်ပါလို့ အကြံပြုချင်ပါတယ်...
>>ရှိပြီးသား Apple ID တွင် "Rescue Mail" ထည့်သွင်းရန်<<
၁) သင်၏ web Browser မှတစ်ဆင့် My Apple ID ကို သွားပါ။
၂) "Manage your Apple ID" ကိုနှိပ်ပါ။
၃) Apple ID နှင့် Password သုံးပြီး Sign In လုပ်ပါ။
၎) အောက်ပါပုံအတိုင်း "Password and Security" ကိုရွေးပါ။ ထိုနောက် Security Questions ကို

ဖြေဆိုပြီးနောက် "Continue" နှိပ်ပါ။
၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။
၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။
- ယခုအဆင့်တွင် မိမိ၏ Security Questions များကို မေ့လျှော့နေခဲ့ပါက ဤနေရာတွင် သွားရောက်ပြီး မိမိ၏
- information ကို ပြည့်စုံစွာ ဖြည့်စွက်၍ "Security Question နှင့် Answer ကို Reset လုပ်မည်" ဟု
- email ပေးပို့ပါ။
- တစ်ရက် နှစ်ရက်အတွင်း Apple မှ စာပြန်လာပါလိမ့်မည်၊ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်ပါ။
၅) သင်၏ အခြား Email account တစ်ခုအား Rescue Mail အဖြစ် သတ်မှတ်ပေးပြီး "Save" လိုက်ပါ။
၆) ထို့နောက် Rescue Mail အဖြစ်ပေးထားသော Email Account ၏ Inbox သို့ Apple မှ စာပို့ပါလိမ့်မည်။
(Inbox တွင် ရှာမတွေ့ပါက Spam ထဲတွင် ရှာပါ)။ "Varify Now >" ကို နှိပ်ပါ။

Comments (0)
Post a Comment