Posted by Black Magic | Posted in ကျန်းမာရေး , သတင်းများ | Posted on 4:46 PM

ပုံထဲ မြင်တဲ့အတိုင်း ထိုင်းနိုင်ငံက ကုန်တိုက်ကြီးတွေမှာ တင်ရောင်းနေပါတယ်။ ကိုယ်အင်္ဂါချေးချွတ်ပို
့ပွတ်တိုက်ရာမှာ အသုံးပြုပါတယ်။ အကြီးအသေးနဲ့ အသုံပြုဖို့ 
လွယ်ကူမှုရှိအောင်လုပ်တဲ့အပေါ်မူတည်ပြီး ဈေးနှုန်းကွာပါတယ်။
ကျပ် 1000 ကနေ ကျပ် 3000 လောက်အထိဖြစ်ပါတယ်။ နိုင်ငံခြားကိုလည်း တင်ပို့ ရောင်းချနေရပြီဖြစ်ပါတယ်။
သပွတ်အူက ပုံမှန်နီညိုရောင်ဖြစ်ပါတယ် ။ ဖြူအောင်လုပ်ဖို့ ဆိုရင် ဆပ်ပြာမှုန့် 
ရေနွေးထဲမှာ သပွတ်အူကိုထည့်ပြုတ်ပြီး ဖြူအောင်လုပ်ပါတယ်။ အရင်ကတော့ အဲ့ဒီလို သန့် စင်ပြီးတဲ့ သပွတ်အူကို
လိုအပ်တဲ့ အရွယ် ဖြတ်တောက်ပြီး အိတ်သွတ်ပြီးရောင်းပါတယ်။ လက်နဲ့ ကိုင်တာက ကျော်ဘက်ကို
တိုက်ရခက်တာကြောင့် အခုနောက်ပိုင်းမှာ ဒုတ်တံတတ်ပြီး ရောင်းပါတယ်။ ဒုတ်တံ တတ်လိုက်ကို လူတွေက
ပိုကြိုက်တွေ့ ရပါတယ်။ ဒုတ်တံတတ်ရာမှာ ရေစိုခံတဲ့ ကော်နဲ့ ကပ်ထားတာဖြစ်ပါတယ်။
သပွတ်အူရဲ့ တန်ဘိုးက အသက် 20 အထက်ရှိသူတွေရဲ့ အရည်ပြားက ဆဲလ်တွေက သေသွားတာရှိတယ်။
အဲ့ဒီသေသွားတဲ့ဆဲလ်တွေကို သပွတ်အူနဲ့ ပွတ်တိုက်ခြင်းအားဖြင့် ဆဲလ်အသစ်တွေ ပေါ်လာပြီး
အသားအရေချောမွေ့ စေတယ်လို့ ထိုင်းကျန်မာရေးစာစောင်တွေ မှာရေးသားပါတယ်။ ချေးလည်းကျွတ်
အသားအရေးအတွက်လည်းကောင်းတယ် ဆိုပြီး ၀ယ်သုံးကြပါတယ်။


Comments (0)
Post a Comment