အမျိုးသမီး ဆာမူရိုင်း

Posted by Black Magic | Posted in , | Posted on 1:03 AM

sarmurine
အမှန်တော့ သူ့ကို ဆာမူရိုင်းလို့ မခေါ်ပါဘူး။ ဂျပန်လို Onna-bugeisha လို့ပဲခေါ်ပါတယ်။ ဆာမူရိုင်း အဆင့်အတန်းဝင် သူရဲခေါင်း ဖြစ်ပါတယ်။ဆာမူရိုင်းဆိုတာကလည်း လူမျိုးစု မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့  အထက်တန်း စားလွှာကို အကာအကွယ်ပေးတဲ့ စစ်သည်အဖွဲ့အစည်း တစ်ခုအဖြစ် လက်ခံထားကြခြင်း ဖြစ်ပါတယ်။ စက်မှုမထွန်းကားမှီ ကာလက ဆာမူရိုင်း ဟာ ဂျပန်နိုင်ငံရဲ့  စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့ မှာ အကြီးမားဆုံး ကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့ပါတယ်။
အမျိုးသမီးများအနေနဲ့ လက်နက်ပေါင်းစုံ ကိုင်တွယ် တတ်ရေး လေ့ ကျင့်သင်ကြားခြင်းဖြင့် အရည်အချင်း ပြည့်ဝရင် Onna-bugeisha (အွန်နာ ဘက်ဂျီရှာ) လို့ အသိအမှတ်ပြုခံရတဲ့ အမျိုးသမီး သူရဲခေါင်း အဖြစ် အသတ်မှတ်ခံရပါတယ်။
အေဒီ ၂၀၀ ကာလက ကိုရီးယားကို သိမ်းပိုက်တုန်းက ဂျပန်တို့ သွေး မြေ မကျအောင် Onna bugeisha တစ်ဦးဖြစ်တဲ့ အမျိုး သမီး Empress Jingu က ဦးဆောင်ပါတယ်။ စစ်ရေးတင် မက၊ နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာပါ လွမ်းမိုးပြီး ဂျပန်မှာ သြဇာကြီး တဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
အမျိုးသား တိုက်ခိုက်ရေးသမား နည်းပါးမှုကို ဖြေရှင်းဖို့အတွက် ဆာမူရိုင်း တို့ဟာ အမျိုးသမီးများ လေ့ကျင့်သင်ကြားပေးရင် Onna Bugeisha လို့ခေါ်တဲ့ အမျိုးသမီး သူရဲကောင်း လူတန်းစား တစ်ခု ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.