ကမ္ဘာ့ အလုပ်အရှုပ်ဆုံး ရုံး သို့မဟုတ် ပင်တဂွန်

Posted by Black Magic | Posted in | Posted on 10:26 AM





ပင်တဂွန် စစ်ဌာနချုပ်က အများစု သိကြမှာပါ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံး၊ သြဇာ အလွမ်းမိုးဆုံး စစ်စခန်း 

ဌာန တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရ ပါတယ်။


ယင်းအဆောက်အအုံထဲမှာ အမေရိကန်က ထိပ်သီး ထောက်လှမ်းရေး ဝန်ထမ်းနဲ့ အရာရှိတွေ၊ စစ်ဘက် 

ပုဂ္ဂိုလ်တွေ စုဝေး နေပါတယ်။ စုဝေးပြီး နေထိုင်တာ မဟုတ်ပါဘူး။ အလုပ်လုပ်တာပါ။ စုစုပေါင်း စစ်ဘက် 

ဝန်ထမ်း နဲ့ ရိုးရိုး ဝန်ထမ်း အင်အား ၂၈ ၀၀၀ ဦးရေ အလုပ်လုပ်ပြီး ယင်း ဦးရေကို ကူညီထောက်ပံ့ 

လုပ်ကိုင်မယ့် အရပ်သား ဝန်ထမ်း ဦးရေက ၃၀၀၀ ရှိပါသေးတယ်။ ၂၄ နာရီဖွင့်လှစ်ပြီး လည်ပတ်နေတဲ့ရုံး 

ဖြစ်ပါတယ်။

ငါးထောင် စတုဂံ ပုံသဏ္ဍန် ရှိပြီး မြေပေါ်မှာ ငါးထပ် ရှိတဲ့ အဆောက်အအုံကြီး ဖြစ်ပါတယ်။ 

မြေအောက်မှာ ၂ ထပ်ရှိသေးတယ်လို့ပေမယ့် ဒီထက်လည်း များနိုင်မယ့်အထပ်ရေ အကြောင်းအရာကို 

ပင်တဂွန်တို့ ဘာမှ မဆိုထား ပါဘူး။ ၆သောင်း စတုရန်းမီတာ အကျယ်ပေါ်မှာ တည်ဆောက်ထားတဲ့ 

ရုံးဖြစ်ပါတယ်။ စားသောက် ဆိုင် ၊အားကစား ခန်းမ၊ ပလာဇာ အစရှသဖြင့် စုံစုံလင်လင် 

ထားရှိပေးထားပြီး ဝန်ထမ်းတွေ အတွက် ကမ္ဘာငယ် တစ်ခုလိုပါပဲ။ အကြီးမားဆုံး အက်ဆီးဒန့် 

တစ်ခုအနေနဲ့ 9/11 တုန်းက အိုစမာဘင်လာဒင် စီစဉ်တဲ့ လေယာဉ် ပျက်ကျပြီး လူဦးရေ ၁၈၉ ဦးကို 

သေဆုံးစေခဲ့ပါတယ်။ အဆောက်အအုံက လူဦးရေ ၁၂၅ ဦးကို သေဆုံးစေခဲ့ ခြင်းပါ။ ဒါတောင် 

အဆောက်အအုံရဲ့  ဘေးအနားတစ်ဖက်ကိုသာ ဝင်တိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းဖြစ်ရပ် နောက်ပိုင်း ပင်တဂွန်စစ်ဌာနချုပ် လုံခြုံရေးကို အမြင့်မားဆုံး ဖြစ်အောင် ပြုလုပ်ပြီး မိုင်ပေါင်း 

ထောင်ချီကလာတဲ့ ဒုံးကျည်ကိုတောင် ခြေရာခံနိုင်မယ့် ကာကွယ်ရေး စနစ်များ ပါရှိကြောင်း ဆိုပါတယ်။ 

မြေပြင်၊ လေပြင်က လာတဲ့ ရန်သူတွေကို အားလုံး ထောက်လှမ်းနိုင်မယ့် စနစ်တွေ ပါရှိပြီးသား 

ဖြစ်ပါတယ်။

ကမ္ဘာ့ အတိုက်ခိုက်ခံရရန် အခြေအနေ အများဆုံး နေရာတစ်ခုအဖြစ်လည်း အသိမှတ်ပြုခံထားရပါတယ်။ 

ပင်တဂွန် စစ်ဌာနချုပ် ပျက်ဆီးရင် အမေရိကန်ရဲ့  စစ်အင်အားကို သိသိသာသာ ကျဆင်းစေမှာ 

ဖြစ်ပါတယ်။ အကြောင်းက တစ်ကမ္ဘာလုံးက အမေရိကန် စစ်သားနဲ့ စစ်လက်နက်အားလုံးကို ယင်းဌာန 

တစ်ခုတည်း ကနေ အများစု ထိန်းချုပ်နေတာ ဖြစ်ပါတယ်။

ပင်တဂွန်ကို သူခိုးကြီးများ စုဝေးရာလို့လည်း ပြောစမတ် ပြုကြပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ 

ခေါင်းဆောင်ကြီးများ ဖုန်းခိုးနားထောင်ခြင်း၊ ကုလသမဂ္ဂ ရုံးချုပ် သတင်းအချက်ခိုးခြင်းတို့ကို ပင်တဂွန်က 

NSA တို့ ပြုလုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ် ဟက်ကာများကို ယှဉ် fight နေတဲ့ အမေရိကန် 

ထိပ်တန်း ဟက်ကာ များလည်း ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာ့ သူခိုးကြီးများ စုဝေးရာ၊ ဟက်ကာများ 

စုဝေးရာလို့လည်း ပြောစမှတ်ပြုခြင်းပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်ကို ၁၉၄၁ ခုနှစ် စက်တင်ဘာလက စတင်ဆောက်လုပ်ပြီ၃း ၁၉၄၃ မှာ စတင် 

အသုံးပြု နိုင်ခဲ့ ပါတယ်။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၈၃ သန်း ရှိပါတယ်။ ယနေ့ငွေကြေးနဲ့ 

ပြန်လည်တွက်ကြည့် လိုက်တဲ့အခါ အမေရိကန်ဒေါ်လာ ၁.၃၂ ဘီလျံ ရှိနေတာကို တွေ့ရပါတယ်။ 

ပင်တဂွန် စစ်ဌာနချုပ်ကို ကမ္ဘာ့ အလုပ်များဆုံး ရုံး တစ်ခုအဖြစ် အသိမှတ်ပြုထားကြကြောင်း သိရ 

ပါတယ်။

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.