ဟွန်ဒါ IH ကားဒီဇိုင်းသစ်

Posted by Black Magic | Posted in , | Posted on 12:50 AM



သဲကန္တာရလို ဖုန်ထူထူပတ်ဝန်းကျင်၊ ပူပူအိုက်အိုက်ဒေသ၊ စွမ်းအင်နဲ့ သဘာဝ အရင်းအမြစ် ရှားပါးတဲ့ နယ်မြေ၊ အလင်းရောင်ဆိုတာကိုနေ့ မှာ မြင်ရပေမယ့် ၂၄ နာရီပတ်လုံး သဲမုန်တိုင်း တိုက်ခတ်မယ့်အခြေအနေ တစ်ခု။ တစ်နေ့ ကမ္ဘာဆိုတာ ဒီလိုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောရဲပါဘူး။ သစ်တောပြုန်းတီးမှုက အလွယ်ကူဆုံး အကြောင်းပြချက်အဖြစ် တောင် ကတုံး အရေအတွက်များလာရင် သဲကန္တာရ ဆိုတာ လက်ညိုးထိုးမလွဲတော့ မယ့် ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လူသားတွေ ဘယ်လို အသက်ရှင်နေထိုင်မလဲ။ ဘယ်လို ရုန်းကန်ကြမှာလေ။ အရင်းအမြစ်ရှားပါး လာမှုနဲ့အတူ ရိုင်းစိုင်းခတ်ထန်လာတဲ့ သက်ရှိကမ္ဘာမှာ ဘယ်လို အသက်မွေးဝမ်းကျောင်း ပြုရမလဲ။ အစရှိတဲ့ မေးခွန်းပေါင်း များစွာတဲ့ အနာဂတ်ဆိုတာ ကြောက်စရာ အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။

ဒီလို သံယံဇာတ ရှားပါးတဲ့ ခေတ်ကာလ ကမ္ဘာကြီးမှာ အသက်ရှင်ဖို့ အတွက်၊ နေထိုင်လှုပ်ရှားဖို့အတွက် ကားတစ်မျိုးကို ဂျပန် Honda က ဖန်တီးလိက်ပါတယ်။ Honda Intelligent Horse လို့ အမည်ပေးပြီး ကောင်းဘွိုင်တစ်ယောက်အတွက် အကောင်းဆုံး ကိုယ်ရံတော် မြင်း ဖြစ်ပါတယ်။

ဘီးကလည်း ဓားစက်ပမာ အသွားများ ပါရှိတဲ့အတွက် သေချာတာ ကတော့ မြေပြင်မှာ ဖုန်တော်တော်ထမယ့်ကား ဖြစ်ပါတယ်။ အနိမ့်အမြင့် မှန်သမျှကို ရှောင်တိမ်း ဖို့အတွက် မြေပေါ် အင်ဂျင်နဲ့တင် မလုံလောက်ပါဘူး။ လိုအပ်ရင် မိုးပေါ်တောင် ပျံနိုင်ရမယ်ဆိုတာ ဒီခေတ် ကားကုမ္မဏီတိုင်းမှာ ရှိတဲ့ ခံယူချက် ဖြစ်ပါတယ်။ တောင်ကုန်းတွေကို ကျော်လွှားပျံသန်းမယ်။ သံမုန်တိုင်း ကြားမှာ အရှိန်လျော့စရာ မလိုပဲ။ ခပ်ကြမ်းကြမ်းမောင်းနှင်မယ်။

သဘာဝဘေးအန္တရာယ်မှန်သမျှကို ခုခံပေးမယ့် လက်နက်ပါ လိုအပ်ရင် တပ်ဆင်ထားပေးနိုင်မယ့် ကားမျိုး ဖြစ်ပါတယ်။ ဆီမလို၊ရေမလို။ သဘာဝ ပတ်ဝန်းကျင်ကနေ လေထုနဲ့အပူကို ကားအတွက်လောင်စာအဖြစ်အလို အလျောက် ပြောင်းလဲပေးစေပါမယ်။ ဒီလိုပြီးပြည့်စုံတဲ့ ကားတစ်စီး တည်ဆောက်ဖို့အတွက် ဟွန်ဒါရဲ့  စိတ်ကူးအိပ်မက်က နောက် အနှစ် ၃၀ မတိုင်ခင် စတင်မှာ ဖြစ်ပါတယ်။ တကယ်ပဲ အနာဂတ်မှာ Honda HI သာပေါ်လာမယ်ဆိုရင် မြင်းစီးတဲ့ ကောင်းဘွိုင်ခေတ်လည်း ကုန်မလား လို့တောင်သံသယ ဖြစ်ကြပါတယ်။

လော့အိမ်ဂျလစ်မော်တော်ယာဉ်ပြပွဲမှ အနာဂတ်ကားဒီဇိုင်းပြိုင်ပွဲမှာတော့ Honda ရဲ့  IH မြင်းကားကတော့ လူကြိုက်များ ဒီဇိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.