International FREE Apple ID အသစ် ဖွင့်လှစ်နည်း

Posted by Black Magic | Posted in | Posted on 3:37 PM

ကျွန်တော့် Blog စရေးကတည်းက  Apple ID ဖွင့်ဖို့အတွက် US လိပ်စာပေးဘူးပါတယ်...၊ ဒါပေမယ့် အဲဒီတုန်းက Step By Step မရေးခဲ့မိဘူး...၊ အခုတော့ ကိုယ်ဖွင့်ချင်တဲ့ နိုင်ငံကို ဖွင့်လို့ရအောင် သေသေချာချာ အသေးစိတ်လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ...၊ အဆင်ပြေပါစေ...၊
ယခုလက်ရှိ အချိန်ထိ တစ်ကမ္ဘာလုံးမှာ Apple Store ရှိတဲ့ နိုင်ငံပေါင်း (၁၃၂) နိုင်ငံ ရှိပါတယ်။

 ဆန္ဒရှိလို့  Apple ID (၁၃၂) ခုလုံး ရယူချင်တယ်ဆိုရင်လည်း အောက်ကအတိုင်းလုပ်ယူနိုင်ပါတယ်.. 

>>Apple ID တစ်ခု အတွက် လိုအပ်ချက်များ << 

  1. Email account (၂)ခု ရှိထားရပါမယ်၊ တစ်ခုက "Apple ID" အတွက် နှင့် တစ်ခုက မူရင်း Apple ID ပြဿနာဖြစ်ရင် ပြန်ရယူဖို့  အတွက် "Rescue Mail"(Alternative Mail) အနေနဲ့  ပေးထားရပါတယ်။ 
  2. မိမိဖွင့်လိုသော Apple Store နိုင်ငံ၏ လိပ်စာ နှင့် ဖုန်းနံပါတ်။(ဘယ်လို ရယူရမည် ဆိုသည်ကို အောက်တွင် ဖော်ပြထားပါတယ်)


ကဲ... Apple ID အသစ်တစ်ခု စဖွင့်ကြရအောင်... ကျွန်တော်က နမူနာ အနေနဲ့  US Account ကို ဖွင့်ပြပေးသွားပါမယ်... 


လုပ်ငန်းစဉ် 

အဆင့် ၁)
မိမိ PC ရှိ iTunes တွင် Sign In ဝင်ထားရင် Sign Out ပြန်လုပ်ထားဖို့ လိုပါလိမ့်မယ်။ 

Sign Out လုပ်ရန် Menu bar ရှိ Store -> Sign Out လုပ်ပါ။ 

အဆင့် ၂)
iTunes ၏ ဘယ်ဘက်ခြမ်းရှိ "iTunes Store" ကို ရွေးပါ။ 

ညာဘက်စွန်းရှိ Scroll bar ကို အောက်ဆုံးသို့  ဆွဲချလိုက်ပါ၊ အောက်ပါပုံအတိုင်း "iTunes Store" ကိုတွေ့ ရမည်။ 

အဆင့် ၃)
"Change Country" ကို နှိပ်ပါ။
အောက်ပါပုံအတိုင်း နိုင်ငံများပေါ်လာပါက မိမိဆန္ဒရှိသော နိုင်ငံကို ရွေးပါ။ (ဤနေရာတွင် ကျွန်တော်က US ကို ရွေးပါမည်) 


Apple Store ပြောင်းသွားတာကို အောက်ပါပုံအတိုင်း တွေ့ ရပါမည်။ 

အဆင့် ၄)
Apple Store change သွားပြီးနောက် အောက်ပါပုံအတိုင်း App တစ်ခုကို download လုပ်ရန် နှိပ်လိုက်ပါ။ 
(FREE account ဆောက်ရန် ဤအဆင့်သည် Key ဖြစ်သည်) 

အဆင့် ၅)
Apple ID နှင့် Sign In ဝင်ခိုင်းပါမည်၊ "Create Apple ID" ကို နှိပ်ပါ။ 

အဆင့် ၆) 
"Welcome to the iTunes Store" page တွင် "Continue

"Terms and Conditions and Apple Privacy Policy" တွင် "I have read and agree....." ကို Check လုပ်ပြီး "Agree

အဆင့် ၇)
အောက်ပါပုံအတိုင်း ဖြည့်စရာ Form တစ်ခုပေါ်လာပါလိမ့်မည်။ 

  • "Email" တွင် မိမိ Apple ID အဖြစ် သုံးလိုသော email address (1) ကို ဖြည့်ပါ။
  • "Password" သတ်မှတ်ရာတွင် စာလုံးရေ အနည်းဆုံး (၈)လုံး ပါရမှာဖြစ်ပြီး၊ Capital Letter (စာလုံးအကြီး) နဲ့  Numeric (နံပါတ်) တို့  ပါရှိရမှာ ဖြစ်ပါတယ်။
  • "Security info" မှာ မည်သည့် မေးခွန်းကို ရွေးသည်ဖြစ်စေ အဖြေကို "abcd" ဟု ပေးလိုက်တာက ဘယ်တော့မှ မမေ့နိုင် မမှားနိုင်ပါဘူး။ (မှတ်မိနိုင်တယ် ဆိုရင်တော့ နှစ်သက်ရာ အဖြေသတ်မှတ်ပါ)
  • "Optinal Rescue mail" မှာ ဒုတိယ email address (2) ကို ဖြည့်ပါ။ မိမိ၏ မွေးနေ့ ကို မှန်မှန်ကန်ကန် ဖြည့်စွက်ပြီး "Continue" နှိပ်ပါ။


အဆင့် ၈)
"Provide a Payment Method" တွင် "None" ကိုရွေးပါ။ 

US Store ကို ဆောက်သူများ အမည်မှလွဲ၍ အခြား အရာများကို ပုံပါအတိုင်း ဖြည့်စွက်နိုင်ပါသည်။ 

  • မိမိကိုယ်တိုင် စိတ်ကြိုက် USA မှ Postal code လိပ်စာကို ရှာဖွေ ထည့်သွင်းလိုသူများ ဤနေရာတွင် ရှာနိုင်ပါသည်။ 
  • အခြား ကမ္ဘာအဝှမ်း Postal code နှင့် လိပ်စာ ရှာဖွေသူများ ဤနေရာတွင် ရှာဖွေပါ။


အဆင့် ၉)
အားလုံးပြီးစီးပါက "Create Apple ID" ကို နှိပ်ပါ။ 

အဆင့် ၁၀)
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။ 

အဆင့် ၁၁)
သင့် email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။ 

အဆင့် ၁၂)
အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။ 

အဆင့် ၁၃)
အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ... 

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.