YouTube ရဲ့ တစ်နှစ်တာ အထူးချွန်ဆုံး ဂီတအနုပညာရှင်ဆုကို Eminem ရရှိ

Posted by Black Magic | Posted in , | Posted on 12:56 AM

ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။

YouTube Music Awards ဆုပေးပွဲတွင် နာမည်ကျော် Rapဂီတ အဆိုတော် Eminemက တစ်နှစ်တာ အထူးချွန်ဆုံး အနုပညာရှင်ဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ သို့သော်လည်း YouTube၏ ဆုပေးပွဲ အစီအစဉ်သည် ပရိသတ်များကြား ရေပန်းမစားသေးသလို အဖွင့်ဆုပေးပွဲကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုသူ (၂၁၅၀၀၀)မျှသာ ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် အစောပိုင်းက MTV၏ ဗီဒီယိုဂီတဆု (VMA) အခမ်းအနားကို အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုသူ အရေအတွက်မှာမူ (၁၀)သန်းကျော်မျှထိ ရှိခဲ့သည်။

ယခုနှစ်၏ အထူးချွန်ဆုံး ဂီတအနုပညာရှင်အဖြစ် Eminemက ရွေးချယ်ခံရသလို တစ်နှစ်တာ အကောင်းဆုံး သီချင်းဗီဒီယိုဆုအတွက်မူ တောင်ကိုရီးယား Popဂီတအဖွဲ့ Girls Generationက ရရှိခဲ့သည်။ SNSDဟု လူသိများသည့် ယင်းအဖွဲ့သည် မိုင်လီဆိုင်းရပ်စ်၊ ဂျက်စတင်ဘီဘာ၊ လေဒီဂါဂါ၊ One Directionနှင့် PSYကဲ့သို့ နာမည်ကြီးများကို ကျော်ဖြတ်ခဲ့သည်။ YouTube၏ ပထမဆုံး ဆုပေးပွဲ အစီအစဉ်တွင် လူသစ်တန်းဆုအတွက် မက္ကလီမောရ်နှင့် ရိုင်ယန်လီဝစ်တို့က ရရှိခဲ့သလို တေလာဆွစ်ဖ်၏ I Knew You Were Trouble အယ်လ်ဘမ်ကလည်း ပရိသတ် အများဆုံးရရှိသည့် သီချင်းအယ်လ်ဘမ်ဆုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ DeStorm၏ See Me Standingကမူ ဖန်တီးထိုးထွင်းမှု အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ယခုအစီအစဉ်တွင် လေဒီဂါဂါ၊ Eminem၊ Arcade Fire၊ အေဗီဆီး၊ M.I.Aအစရှိသည့် နာမည်ကြီးများ၏ ဖျော်ဖြေမှုများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ YouTube၏ ပထမဆုံး ဂီတဆုပေးပွဲကို နယူးယော့ခ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.