Posted by Black Magic | Posted in ထူးထူးခြားခြား , ဗဟုသုတများ | Posted on 3:35 PM

ကြာစေ့ဖူး ရယ်လို့ မဟုတ်ပါဘူး။ အပေါက်ပေါက်များစွာပါတဲ့ အရာဝတ္ထု နဲ့ လူတို့ရဲ့  စိတ်ကြား ဆက်စပ်မှုကို အမေရိကန် စစ်ပညာနဲ့ ဆေးပညာရှင်များ ရှာဖွေ တွေ့ရှိထားချက် ဖြစ်ပါတယ်။ ယင်း ကို Trypophobia လို့ ဆေးပညာ အရ ခေါ်ဆိုပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါက်အပေါက်များ ဖြစ်နေတာမျိး ကို တော်တော်များများ မနှစ်မြှို့ ကြ ပါဘူး။ ဒါက တော်တော်များများ မှာ ဖြစ်တဲ့ စိတ်အခြေအနေဖြစ်ပါတယ်။ ကြာဖူး၊ ကြာစေ့ကို ဒီတိုင်းမြင် တာ ပြဿနာ မရှိပေမယ့် တစ်ခါခါ စိတ်ထဲမှာ ပုံမှာ မြင်ရတဲ့ အတိုင်း အတွေးတွေ ပေါ်တတ်ပါတယ်။ အချို့ ဆို အိပ်မက်ထဲတောင် ပါတတ်ပါတယ်။
ယင်းဟာ စိတ်ရောဂါအခြေအနေ တစ်ခုဆိုပေမယ့် မြင်တွေ့ရတဲ့ အရာဝတ္ထု အပေါ် စက်ဆုပ်ရွံရှာမှုအား အခြေခံပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေထဲမှာဆို အမျိုးသမီး ရင်သားကနေ ကြာဖူးကဲ့သို့ အပေါက်ပေါက်များ ဖြစ်ပေါ် တဲ့ ရောဂါဆိုပြီး ကောလဟာတောင် ပြန့်သွား ပါသေးတယ်။ သတင်းက စိတ်ဝင်စား စရာ မကောင်းပေမယ့် ပုံက တော်တော်လေး ခြောက် လှန့် နိုင်တော့ မြန်မာပြည်တွင် ဂျာနယ်တွေထဲ မှာတောင် ပါသွားပါသေး တယ်။
Trypophobia အမည်ရ ကြောက်လှန့်မှုမျိုးဟာ လူအများစုမှာ ရှိနေ ကြောင်း သိရပါတယ်။
---
Ref: wiki
ရိုးရာလေး သတင်း


Comments (0)
Post a Comment