Facebook အကောင့်သစ်ကို လော့မကျအောင် ဒီလိုဖွင့်ပါ

Posted by Black Magic | Posted in , | Posted on 1:52 AM

Facebook အကောင့်သစ်ဖွင့်တိုင်း လော့ကျကျနေလို့
စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေနဲ့ Mail ထဲကို စာပို့ပြီး မေးထားကြတဲ့

ကဲ .. ကျွန်တော်ပြထားတဲ့အတိုင်း တသွေမတိမ်း လုပ်ကြည့်ပါ
အဲဒီအကောင့်ကို ဖုန်းနံပါတ်အတောင်းမခံရပဲ .. လော့အချမခံရပဲ
သေချာပေါက်ရမယ်လို့ အာမခံပါတယ် ..

ဘယ်လိုအခြေအနေမျိုးတွေမှာလဲဆိုတော့ internet cafe တွေမှာလို တစ်ယောက်မကသုံးနေတဲ့
ကွန်ပျူတာမျိုးတွေကနေ အကောင့်ဖွင့်တဲ့အခါမျိုးနဲ့ skynet လို မြန်မာ IP အတိအကျနဲ့ အသုံးပြုနေတဲ့
အင်တာနက်လိုင်းမျိုးတွေကို အသုံးပြုနေတဲ့အခါမျိုးပေါ့ ..
ဒါ့အပြင် Cookies အကြောင်း လုံးဝနားမလည်တဲ့အတွက် ဆောင်ရွက်မှုအဆင့်ဆင့်မှာ အလွဲအချော်ရှိသွားတဲ့အခါမျိုးတွေမှာပေါ့
ဒါဆိုရင်လည်း စိတ်မညစ်ပါနဲ့ အောက်ကနည်းအတိုင်း ထပ်စမ်းကြည့်ပါ
အပေါ်မှာပြခဲ့တဲ့နည်းက Cookies တွေကို သုံးတဲ့နည်းဖြစ်ပြီး အောက်မှာပြမယ့်နည်းကတော့
Cookies လုံးဝမပါပဲ ကွန်ပျူတာအသစ်တစ်လုံးကနေ အကောင့်ဖွင့်တဲ့ပုံဖြစ်အောင် Google နဲ့ Facebook ကို လှည့်စားတဲ့နည်းပါ
( gmail တော့ အသစ်တစ်ခု ထပ်သုံးပေါ့နော် )
အဲဒီအတွက် အရင်ဆုံး ကိုယ်အဆင်ပြေတဲ့နည်းနဲ့ Gmail အကောင့်သစ်တစ်ခုကို ဖွင့်ပါ
ပြီးရင်တော့ Browser ထဲမှာ အရင်ကရှိခဲ့သမျှ History တွေ Cookies တွေ Bookmark တွေအားလုံးကို ရှင်းပါမယ်
ဒါကြောင့်
အရင်ဆုံး Control Panel ကိုသွားပြီး Folder Options ကိုဖွင့်ပါ
ပွင့်လာတဲ့ထဲက View ကိုနှိပ်ပြီး ကျလာတဲ့ထဲက Show hidden files folder .... ဆိုတဲ့စာကြောင်းရှေ့မှာ အမှတ်တပ်ပေးပြီး Ok ကိုနှိပ်ပေးပါ .. အောက်ကပုံကို ကြည့်နိုင်ပါတယ်





ပြီးရင် my computer >> users >> ပိုင်ရှင်ရဲ့ နံမည် >> appdata >> Roming ဆိုတဲ့ ဖိုဒါအဆင့်ဆင့်ုကို ဖွင့်ဝင်ပါ
ပွင့်လာတဲ့ထဲက ကိုယ်သုံးနေတဲ့ Browser ရဲ့ နံမည်နဲ့ ဖိုဒါကို ဖျက်ပစ်လိုက်ပါ
အောက်က ဥပမာပုံထဲမှာ ကျွန်တော်က Mozilla သုံးထားတဲ့အတွက် Mozilla ဆိုတဲ့ဖိုဒါကို ဖျက်ပြထားပါတယ်





အဲဒီလို ဖျက်တဲ့နေရာမှာ ဖျက်လို့မရတဲ့ဖိုင်အချို့အတွက် Box တစ်ခုတက်လာတိုင်း skip ကိုနှိပ်ပေးလိုက်ပါ
( ဒီနည်းက Mozilla Browser ပါ Error တွေများလာရင် Uninstall မလုပ်ပဲ
အသစ်လိုပြန်ဖြစ်သွားအောင် အလွယ်လုပ်တဲ့နည်းပါ)
အဆင်ပြေတာကလည်း ဒီနည်းကိုသုံးမယ်ဆိုရင် Mozilla Firefox ကိုသုံးတာ အဆင်အပြေဆုံးပါ
အဲဒီလို ရှင်းလိုက်တဲ့အခါ Browser မှာရှိနေတဲ့ Cookies တွေ History တွေသာမကပါဘူး Bookmark တွေပါ အကုန်ပျက်သွားမှာကိုတော့
သတိပေးထားပါရစေ ..
ကိုယ့်အတွက် သုံးဝင်တဲ့လင့်တွေကို ကူးယူထားနိုင်အောင်လို့ပါ
အားလုံးအဆင်သင့်သင့်ဖြစ်သွားရင်တော့ Browser ကို ဖွင့်လိုက်ပါ
အဲဒီလို ရှင်းလင်းပြီးမှ ဖွင့်လိုက်တဲ့ Browser ကနေ Facebook အကောင့်သစ်ကို ဖွင့်ကြည့်ပါ ရာခိုင်နှုန်းတော်တော်များများ အဆင်ပြေတာကို
တွေ့ရပါလိမ့်မယ်

Credit to itmotesoe

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.