အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ

Posted by Black Magic | Posted in | Posted on 1:36 AM

 ဒီနည်းလေးကိုတော့ စိတ်ဝင်စားမယ်ထင်လို့ ကိုအိုင်တီမုဆိုး ဆီကနေ ပြန်ရှယ်ပေးလိုက်ပါတယ်။။။
အဆင်ပြေပါစေဗျာ။။။။

အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့
စိတ်အ၀င်စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..

ဒါပေမယ့် .. အဲဒီလိုလူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...

ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသမှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ် ..


ဖိုင်တွေကို Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ်ခုပါ ..

ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် .. ( ပုံတွေ မထင်ရှားရင် ပုံပေါ်မှာ မောစ်တင်ပေးလိုက်ပါ)




ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ
အောက်ပုံအတိုင်း ကျလာပါမယ်








အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်







အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်







အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ
အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0 ( သုည ) ပြောင်းလိုက်ပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ ..
ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ

ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ
ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ ..
အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်







အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်





အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..



ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ
ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါ
အားလုံးအတွက် ပြင်ပေးပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ
တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.