Bagan Keyboard Pro v1.6.8 + Install Guide

Posted by Black Magic | Posted in , | Posted on 6:21 PM



Bagan Keyboard Pro Version 1.6.8 ထွက်ရှိပါပြီခင်ဗျာ။ Google Play Store နှင့် Kanaung Store တို့တွင် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါပြီ။ ယခု Version တွင်

၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။

၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။

၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။

၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

ယခင် Feature များအဖြစ်

၆။ မြန်မာစာလုံး အားလုံးကို ထည့်သွင်းပြီးဖြစ်ပါသည်။ (စာလုံးဆင့်များအတွက် ကီးဘုတ် အလည်တွင်ရှိသော ~ ကီးကိုသုံးပါ)

၇။ အသံဖြင့် အင်္ဂလိပ်စာ ရေးသားခြင်း ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

၈။ မြန်မာစာလုံးများအတွက် Auto Complete Features ပါဝင်ပါသည်။

၉။ မိမိ မကြာခဏ ရိုက်လိုက်သော စာလုံးများကို Auto Learn လုပ်ပေးသော စနစ်ပါဝင်သောကြောင့် စာရေးသားရာတွင်လွယ်ကူပါသည်။

၁၀။ မိမိမှတ်သားလိုသော စာလုံးများကိုလဲ မှတ်သားထားပြီး Auto Complete List ထဲတွင် ထည့်သွင်းထားခြင်းဖြင့် စာရိုက်ရာတွင် မှန်ကန် မြန်ဆန် လွယ်ကူစေပါသည်။

၁၁။ -ါ ရေးရန်မလိုပဲ -ာ ကိုရေးရုံဖြင့် Auto ပြောင်းပေးသော Smart Zawgyi Feature ပါဝင်ပါသည်။ ( "ပါ" ကို ရေးလိုပါက "ပ + -ာ" ဟုရေးပါ Auto "ပါ" ဟု ပြောင်းသွားပါမည်။)

၁၂။ Double Tap Feature ပါဝင်သောကြောင့် စာလုံးအပေါ်တွင် အပြာရောင် စာလုံးရှိသော ခလုပ်များကို နှစ်ချက် ဆင့်နှိပ်ပါက Shift နှိပ်စရာမလိုပဲ ရိုက်နိုင်ပါသည်။ (ဥပမာ- "ရ" ကို ရိုက်လိုလျှင် "၇" ကို နှစ်ချက်နှိပ်ပါ။)

ထို့အပြင် -

၁၃။ အဆင်မပြေမှုများအတွက် Email ပို့၍သော်လည်းကောင်း၊ ယခု Post တွင် Comment ပေး၍သော်လည်းကောင်း၊ Google Play Store တွင် Comment ပေး၍ သော်လည်းကောင်း ပြောကြားနိုင်ပါသည်။ အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းပေးသွားပါမည်။

၁၄။ ပိုမိုကောင်းမွန်အောင် Version အသစ်များတွင် ထည့်သွင်းလိုသည်များကို အကြံပြု တောင်းဆိုနိုင်ပါသည်။

၁၅။ အခမဲ့ Share/Download ပြုလုပ်နိုင်ပါသည်။

၁၆။ ကျွန်တော်တို့၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပါက Playstore တွင် Rating များ ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ခင်ဗျာ။

Download ပြုလုပ်လိုပါက-

Zippyshare

Play Store

Bagan Keyboard Pro အား Install + Configuration ပြုလုပ်ပုံအဆင့်ဆင့် 

 

သိတဲ့သူတွေအတွက်တော့ လွယ်ပေမယ့် မသိတဲ့သူတွေအတွက် Install လုပ်နည်းနဲ့ Configure လုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ...၊ အဆင်ပြေပါစေ...။၊

Installation
၁။ Bagan Keyboard Pro apk ကို မိမိဖုန်းထဲသို့ Download ပြုလုပ်ပါ။ 

Bagan Keyboard အား Install ပြုလုပ်လိုပါက "Next" button ကိုနိုပ်ပါ။



၂။ Application ကို Install ပြုလုပ်လိုပါက "Install" button ကိုနိုပ်ပါ။




၃။ Bagan Keyboard Pro အား Installation ပြုလုပ်ခြင်းပြီးပါပြီ။




Configuration

၎။ Keyboard Install ပြုလုပ်ပြီးနောက် မိမိမိုဘိုင်းဖုန်းတွင် အသုံးပြုနိုင်ရန် Bagan Keyboard Application ထဲသို့ဝင်ပါ။ Activate Bagan Keyboard ကိုရွေးပါ။



၅။ "Welcome to Bagan Keyboard Pro" ဟု ပေါ်လာပါက "Enable Bagan Keyboard" ကိုနိုပ်ပါ။ Keyboard ရွေးသည့် နေရာသို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။



၆။ Bagan Keyboard အား အသုံးပြုနိုင်ရန် "Bagan Keyboard Pro" ကိုရွေးပါ။ ထို့နောက် မိမိ Phone ၏ Back Button ကို နှိပ်ပါ။



၇။ "Switch to Bagan Keyboard" ကိုနှိပ်ပါ။



၈။ "Bagan Keyboard Pro" ကိုရွေးပါ။



၉။ Bagan Keyboard ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ Bagan Keyboard Setting ထဲတွင်လည်း Bagan Keyboard နှင့်ပတ်သက်သော အခြား အချက်အလက်များကို လဲလေ့လာနိုင်ပါသည်။
Credit  :
Bagan Innovation Technology 
လမင်းမောင်

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.