ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံတက်ရ

Posted by Black Magic | Posted in , | Posted on 6:26 PM


ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက်တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ
သိရသည်။ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် လက်ရှိတွင် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီး အမျိုးသမီး ခွဲစိတ်ကုသဆောင်တွင်
အသက် (၄) နှစ်၊ (၆) နှစ်၊ (၂၈) နှစ်နှင့် (၂၀)နှစ်အရွယ် မိန်းကလေး လေးဦးတို့မှာ ဆေးကုသမှု ခံယူလျက်ရှိပြီး ညပိုင်းတွင် မြင်းသွားရည်၊ သွေးများနှင့် ထိမိခြင်းကြောင့်
လူလေးဦး ထပ်မံရောက်ရှိ ခဲ့ကြောင်း၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး နံနက်ပိုင်း၌ တက်ရောက် ကုသခဲ့ပြီး
ယင်းနေ့၌ပင် ဆေးရုံမှ ဆင်းသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက်ပိုင်း ၇ နာရီမှ စတင်ကာ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါ ရှိသည်ဟု သံသယရှိသည့် မြင်းသည်
ရပ်ကွက်အတွင်းရှိ လမ်းများသို့ ၀င်ထွက်၍ လမ်းပေါ်တွင် တွေ့ရှိသည့်လူနှင့် တွေ့သမျှ လှုပ်ရှားနေသည့် အရာများအား လိုက်လံကိုက်နေပြီး
ကလေးငယ်များ၊လူများအားကိုက်ဆွဲကာ ကဆုန်ပေါက် ပြေးလွှားနေသည့် အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများက အဆိုပါ မြင်းအား ဖမ်းဆီးသတ်ဖြတ် ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးသတ်ဖြတ် ပြီးနောက် ရပ်ကွက်မှ တာဝန်ရှိသူများက အင်းစိန်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရှိ ဓာတ်ခွဲခန်းသို့ ယင်းမြင်းတွင် ခွေးရူးပြန်ရောဂါပိုး ရှိ မရှိ
ကို ဓာတ်ခွဲခန်းတွင် ပေးပို့စစ်ဆေးရာ ခွေးရူးပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာ ဒီမြင်းသေကောင်ကို ဓာတ်ခွဲစစ်ဆေးခဲ့တဲ့ ရလဒ်တွေ အရကတော့ ဒီမြင်းမှာ ခွေးရူးပိုးကို တွေ့ရှိခဲ့ပါတယ်။
ဌာနကို ရောက်ရောက်ချင်း စစ်ဆေးခဲ့တာ ဒီနေ့ညနေမှာပဲ အဖြေထွက်တယ်'' ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊
ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ လက်ထောက် ညွှန်ကြားရေးမှုး ဒေါက်တာကျော်နိုင်ဦးက ပြောကြားသည်။

''အဲဒီမြင်းကို ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ရပ်ကွက်ကလူတွေ ပေါင်းပြီးတော့ မြင်းကိုဝိုင်းရိုက်ပြီး သတ်လိုက်တယ်။
နောက်ပြီး မြင်းကိုဓာတ်ခွဲ စမ်းသပ်ဖို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဓာတ်ခွဲခန်းသို့ ပို့လိုက်တယ်။
ညနေ ၄ နာရီမှာ ရောဂါထိန်းချုပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ဒေါ်အေးအေးမာက ဒီမြင်းမှာ ခွေးရူးရောဂါပိုး တွေ့တယ်လို့ အဖြေထွက်လာပါတယ်။ ည ၁၀ နာရီလောက်မှာ မြင်းသွားရည်နဲ့ သွေးနဲ့ ထိမိတဲ့လူ လေးယောက်ကိုတော့ အင်းစိန်ဆေးရုံကြီးကို ထပ်မံပို့လိုက်ပါတယ်'' ဟု (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ကိုတင်မောင်စိုးမှ ပြောကြားသည်။

''ကျွန်မက အဖွားအတွက် ဆေးဝယ်ဖို့ဆိုပြီး လမ်းထိပ်ကို ထွက်လာတယ်။
အဲဒီအချိန်မှာ မြင်းက ကျွန်မကို ၀င်တိုက်မိပြီး လဲသွားတဲ့ အချိန်မှာ ကျွန်မရဲ့ခြေထောက် အောက်ပိုင်းကို ကိုက်ခံလိုက်ရပါတယ်''
ဟု မြင်းကိုက်ခံရသူ (၄) လမ်းနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

''အဲဒီမြင်းက လွန်ခဲ့တဲ့ သုံးရက်လောက်က ခွေးရူးကိုက်ခံရတယ်။ အဲဒီရက်တွေကစပြီး မြင်းပိုင်ရှင်က သူ့မြင်းကို ကိုင်တွယ်လို့ မရတာ
ကြိုးချည်လို့ မရတာ ထိန်းလို့ မရတာတွေ ဖြစ်တာ တွေ့ခဲ့ရတယ်။
အဲဒီမြင်းက အစကတည်းက ရပ်ကွက်ထဲမှာ ဒီအတိုင်း လွှတ်ထားပြီးတော့ ရပ်ကွက်ထဲက လူတွေက အစာကျွေးတာတွေ လူတွေနဲ့ လက်ပွန်းတတီး နေတာတွေ ရှိတယ်။
ခုတလောမှ သူ့အမူအယာတွေက အရမ်းကြမ်းလာတယ်။ ပြီးတော့ ခုမနက် အစောပိုင်းကနေပြီး ရပ်ကွက်ထဲမှာ ကဆုန်ပေါက်လျှောက်ပြေးတယ်။
ပြီးတော့ သူ့ရှေ့မှာ မြင်နေတဲ့ ကလေးတွေ ပစ္စည်းတွေကို  ပါးစပ်နဲ့ကိုက်ပြီး  လျှောက်ပြေး ရန်မူနေတယ်။
အဲဒါနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေကစုပြီး ၀ိုင်းဖမ်းပြီး ရိုက်သတ် လိုက်ကြတယ်။ ပြီးတော့ မွေးကု ဦးစီးဌာနကို ပို့လိုက်တယ်''
ဟု မရမ်းကုန်း (၁) ရပ်ကွက်နေသူ တစ်ဦးက ဆိုသည်။

အဆိုပါမြင်းသည် မြင်းထီးဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက
မွေးမြူထားခြင်း ဖြစ်သည်။

Source : Eleven Media Group

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.