Amada Bynes’ ပြောတဲ့ ရုပ်အဆိုးဆုံး ဟောလီးဝုဒ်စတား (၁၀)ဦးစာရင်း

Posted by Jelly Kit | Posted in | Posted on 3:03 AM



ဟောလီးဝုဒ်ကစတားတွေကို လူမုန်းခံလိုက်ဖွနေတဲ့ ငပွကြီးတစ်ယောက် ဖြစ်သူ အမေရိကန် သရုပ်ဆောင် Amada Bynes’ ရဲ့ ရုပ်အဆိုးဆုံး နာမည်ကျော်များဆိုတဲ့ စာရင်း

(၁)     Amanda ဟာ ရီဟားနားကို ပစ်မှတ်ထားဖို့ ကြုံကြိုက်တဲ့တစ်နေ့မှာ ရွေးချယ်ခဲ့ပါတယ်။ “မင်း ကြည့်ရတာ အဖြူရောင်ဝတ်ဖို့ကြိုးစားတဲ့အတွက် သိပ်ရုပ်ဆိုးတာပဲ။ Chris Brown က မင်းကိုရိုက်မှာပေါ့ ။ မင်းက သိပ်မှမလှတာလို့”လို့ သူမရဲ့ တွစ်တာမှာ ရေးထားပြီးမှ ပြန်ဖျက်လိုက်ပါတယ်။
(၂)     Amanda ရဲ့ နောက်ပစ်မှတ်ကတော့ ရက်ပ်ပါ Drake ပါ။ သူ့ကို “ရုပ်ဆိုးတယ်”လို့ ပြောပြီးမှ တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ နောက်တစ်ခါထပ်ပြောပြန်ပါတယ်။
(၃)     ဂျွန်လထဲမှာတော့ Amanda ဟာ Sarah နဲ့ သူမရဲ့ ကောင်လေး Matt Prokop တို့ကို “ရုပ်ဆိုး မိသားစု”လို့ သွားရန်စခဲ့ပါသေးတယ်။
(၄)     အစစ်ပေါ့။ အမေရိကန်သမ္မတ မိသားစုကိုတောင်မချန်ပါဘူး။ “ဘားရက်ခ် အိုဘားမားနဲ့ မီရှဲလ်အိုဘားမားတို့က ရုပ်ဆိုးလိုက်တာ”လို့ ကြံကြံဖန်ဖန် ပေါက်ပေါက်ရှာရှာ ပြောထားပါသေးတယ်။
(၅)     Billboard တေးဂီတ ဆုပေးပွဲက ဓါတ်ပုံတွေနဲ့ ပတ်သတ်ပြီးတော့ မိုင်လေကိုတော့ ရုပ်ဆိုးမလို့ ခေါ်ခဲ့ပါတယ်။ မိုင်လေကတော့ ဒါကို“ဖျော်ဖြေစရာတစ်ခုလို့တောင် သဘောမထားပါဘူး”လို့ ပြောသွားပါတယ်။
(၆)     Jay Z ရဲ့ ပုံတစ်ပုံကို လင့်ခ်ချိတ်ပြီး “ကြည့်ရဆိုးတဲ့မျက်နှာ”ဆိုပြီး သွားစခဲ့ပါ သေးတယ်။ နောက်မှ ပြန်ဖျက်ပစ်လိုက်တာပါ။
(၇)     အဆိုတော် Courtney Love ကိုတော့ “ သူမဟာ ကျွန်မမြင်ဖူးသမျှ မိန်းမတွေထဲမှာ ရုပ်အဆိုးဆုံးသူတစ်ယောက်ပဲ” လို့ ပြောထားပါတယ်။ Cortney Love ကလဲ Amanda ကို “ဟန်ကြီးပန်ကြီးနဲ့ ငကြွားမတစ်ယောက်”လို့ ပြန်ပြောထားပါတယ်။
(၈)     အမေရိကန် ပေါ့ပ်အဆိုတော် ၊ အကပညာရှင် Lance Bass နဲ့ Mmanda တို့ကတော့ Amandaရဲ့ မဆင်ခြင်တဲ့ ပါးစပ်ကြောင့် စကားလုံးစစ်ပွဲထဲရောက်နေပါပြီ။ ရေဒီယိုအင်တာဗျူးတစ်ခု မှာ Lance Bass က “သူမလိုအပ်နေတဲ့ အကူအညီတွေ ရနိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်”ဆိုပြီး ပြောသွားပါတယ်။
(၉)     အမေရိကန် ဟစ်ဟော့ပ်ပါ Kid Cudi ကိုလဲအလွတ်မပေးပါဘူး။
(၁၀)    နောက်ဆုံးတစ်ယောက်ကတော့ American Pie ဇာတ်လမ်းတွဲထဲက ရုပ်သံစတားတစ်ယောက်ဖြစ်တဲ့ Jason Biggsရဲ့ တွစ်တာဝဘ်ဆိုဒ်က လေကြီးလေကျယ်တွေကို မြင်ပြီးတဲ့နောက်မှာတော့ Amandaကို “ပြန်ပြီးပညာပေးရတော့မယ်”လို့ ပြောထားပါတယ်။
Ref:Cambio

Comments (0)

လိုချင်တာရှိရင်အော်ခဲ့နော် !

Don't Forget to Like & Follow

Daily Email Updates
Subscribe to Get Latest Updates Free


Check IP

IP
ask4linksask4pc

ကျွန်တော့ Blog မှာ ဘာကို အဓိကတင်စေချင်လည်း?

ယနေ့ငွေလဲနှုန်း

DMCA.com Protection

Powered By:

Black Magic © 2013 - All Rights Reserved.