Posted by Black Magic | Posted in ဟာသများ | Posted on 1:26 AM
လေ့လာရေးခရီး ထွက်လာတဲ့ လေယာဉ်လေးတစ်စီးပေါ်မှာ ဘုန်းတော်ကြီးတစ်ပါးရယ်၊
ကျောင်းသားလေးတစ်ယောက်ရယ်၊ ဆရာဝန်တစ်ယောက်ရယ်၊ လွှတ်တော်အမတ်တစ်ဦးရယ်
ပါလာတယ်။
ပျံသန်းနေရင်း လမ်းခုလတ်မှာ လေယာဉ်မှူးက ပြောတယ်.... ...
"ခရီးသည်အားလုံး နားထောင်ပါ၊ ကျနော်တို့လေယာဉ်ဟာ အင်ဂျင်ချွတ်ယွင်းသွားပါပြီ၊
မကြာခင်ပျက်ကြပါတော့မယ်"
"ဟာ... ဘုရား ဘုရား ဘယ်လိုလုပ်ကြမလဲ"
လေယာဉ်မှူးက ဆက်ပြောတယ်... ...
"ဒီလေယာဉ်ပေါ်မှာ လူငါးယောက်ပါတယ်၊ လေထီးက လေးခုထဲ ရှိတာ၊ တစ်ယောက်ယောက်တော့
အနစ်နာခံရလိမ့်မယ်၊ ကျနော်က လေယာဉ်မောင်းတဲ့လူဆိုတော့ လေထီးတစ်ခုယူမယ်၊ သွားပြီဗျို့"
... ဆိုပြီး လေထီးအိတ်တခုကို လွယ်လို့ ခုန်ချသွားတယ်
ကျောင်းသားလေးက ပြောတယ်... ...
"ကျနော်က လူ့ဘဝကိုရောက်တာ မကြာသေးဘူး၊ ဆက်အသက်ရှင်ချင်သေးတယ်၊ ကျနော်လည်း
လေထီးတခုယူမယ်၊ သွားပြီဗျို့"

လွှတ်တော်အမတ်က ပြောတယ်... ...
"ကျနော်က တိုင်းပြည်ကိုဦးဆောင်နေရတဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်တယ်၊ တိုင်းပြည်ကို ကယ်တင်ဖို့
ကျနော်တို့လို ထက်မြက်ထူးချွန်တဲ့ လူတွေလိုတယ်၊ လေးထီးတခုယူမယ်၊ သွားပြီဗျို့"

ဆရာဝန်က ဘုန်းတော်ကြီးကို လေထီးအိတ်တခု လာပေးတယ်
ဘုန်းတော်ကြီးက ပြောတယ်... ...
"ဒီနောက်ဆုံးကျန်တဲ့ လေထီးကို တကာကြီးယူပါ၊ ဘုန်းဘုန်းက အသက်လည်းကြီးပါပြီ။ သတ္တဝါအားလုံး
အေးချမ်းကြပါစေ"
"ဒီလေထီးကို ဘုန်းဘုန်းယူပါ၊ နောက်တခုကျန်ပါသေးတယ်"
"ဟင်... ဘယ်လိုဖြစ်လို့ ကျန်ရတာလဲ"
ဒီတော့ ဆရာဝန်က ပြန်ပြောတယ်.. ...
"ခုနက နိုင်ငံတော်ကိုကယ်တင်မယ့် ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ကြီးက တပည့်တော်ရဲ့ဆေးအိတ်ကို
လေထီးအိတ်မှတ်လို့ ယူသွားလေရဲ့"

Comments (0)
Post a Comment