Posted by Black Magic | Posted in ဟာသများ | Posted on 2:09 AM
တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့...အရမ်းတတ်တဲ့ Hacker ဆရာကြီး
လို့ခံယူထားကြတဲ့သူတွေ စုပြီးဖွင့်ထားတဲ့ Hacker Foum တစ်ခုရှိပါတယ်..၊အဲ့ဒီမှာကတော့မိတ်ဆွေတို့
သိတဲ့အတိုင်းဘဲ ဘယ်ဟာကိုဘယ်လိုHack ... ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့  Hacking ပညာကို ဖလှယ်
နေကြတာပေါ့...၊ တနေ့ လည်းကျရောအဲ့ Hacker Foum ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်..၊
အဲ့ဒါကတော့....၊
" ဟေ့ကောင်တွေ.... ၊ အရူးတွေ...၊ မင်းတို့ ကိုကြည့်မရဘူး...၊ မင်းတို့ ကောင်တွေ ဘာတော်တာလည်း.?
ဘာတတ်တလည်း...?ဘာမှအသုံးမကျကြဘူး...၊ ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်..။
ငါ့နာမည်..ပီတာကွ.... ။ ငါ့ Gmail က peter12345@gmail.com ကွ....၊
မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။"
အဲ့ဒီမှာ Hacker Foum က Member တွေရော Admin တွေပါတော်တော်တင်းသွားတယ်။
ကဲ...၊အဲဒီကောင်ကို ငါတို့ ပေါင်းပြီး Hack ကြရအောင်.... ချကြမယ်ဆိုပြီး.. နေ့မအိပ် ၊ ညမအိပ် နဲ့အဲဒီ
Gmail ကို အကုန်ပေါင်းပြီး Hacking လုပ်ကြပါတော့တယ်...၊ ကံအားလျှော်စွာနဲ့ဘဲ အဲ့ Gmail Account
ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်...၊
"လာခဲ့....၊ ပီတာဆိုတဲ့ကောင်ငါတို့ ကိုလာစော်ကားသွားတာ:( " ဆိုပြီးတော့
peter12345@gmail.com ကိုဖိုရမ်မျက်နှာစာမှာ User Name ရော Password ရော ကို
တင်ထားကြပါတယ်..၊နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက်ထပ်ရေးသွားတာတွေ့ ရပါတယ်။
"ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ"
"ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ....:P
သူ့ Gmail ကိုလည်း Hack ချင်နေတာကြာပြီ...၊ ဒါကြောင့်ငါမ Hack တတ်လို့ မင်းတို့ ကို Hack ခိုင်းတာ။
မင်းတို့လည်း Hacking ပညာတော်ပါတယ်ကွာ....၊ ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ ငါက
ပိုတော်သလိုဘဲ...၊ ဒါကြောင့်ငါကစူပါဟက်ကာပေါ့နော်....၊
အခုငါလိုချင်နေတဲ့ဒီကောင့် Password ယူသွားပြီ...၊ " တဲ့။
(ကဲဆရာလုပ်နေတဲ့။ ကြိုးစားနေတဲမိတ်ဆွေတို့ ရေစူပါဟက်ကာတွေကိုလည်းသတိထားနိုင်ကြပါစေ)

Comments (0)
Post a Comment